www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 8, 2018

ရွှေနန်းတော်ကျောင်းရှိ ဆွေးမြည့်နေသော တိုင်လုံးများကို အရည်အသွေးမီ ကျွန်းသစ်များဖြင့် အစားထိုး လဲလှယ်မည်



မန္တလေး ၈-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ ရတနာပုံခေတ်နှောင်းပိုင်း လက်ရာ အဆောက်အအုံတစ်ခုဖြစ်သည့် ရွှေနန်းတော်ကျောင်းကို မူလလက်ရာမပျက် ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ဆွေးမြည့်နေပြီဖြစ်သော တိုင်လုံးများနေရာ၌ အရည် အသွေးမီ ကျွန်းသစ်များဖြင့် အစားထိုး လဲလှယ်မည်ဖြစ်ကြောင်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရေး ရန်ပုံငွေ အဖွဲ့ (WMF) Program Director Mr. Jeffery Allen ထံမှ သိရသည်။

အဆိုပါရွှေနန်းတော်ကျောင်းကြီးအား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရှေးဟောင်း သုတေသနဦးစီး ဌာနနှင့် ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ယင်းကျောင်းတော်၏ တောင်ဘက်ရှိ ဝရန်တာများ ပြုပြင်ထိန်းသိမ်းခြင်း၊ အောက်ခြေရှိ နရားရုပ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ ကျောင်းဆောင်ဝရန်တာများကို ပြုပြင်ထိန်းသိမ်းရာတွင် ဆွေးမြည့်နေသည့် တိုင်လုံးများ ရှိနေသည့် အတွက် အစားထိုး လဲလှယ်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များ ပြီးစီးပါက ကျောင်းဆောင်ခေါင်မိုးများလည်း ထိန်းသိမ်းပြုပြင်ရန် လိုအပ်လာသဖြင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

''ပြုပြင်ထိန်းသိမ်းမှုပိုင်းတွေမှာ မူလလက်ရာမပျက်ဖို့ အရေးကြီးတာကြောင့် နိုင်ငံတကာအဆင့်မီ နည်းပညာတွေ အသုံးပြု ဆောင်ရွက်နေပါတယ်။ ရတနာပုံခေတ် နှောင်းပိုင်း ကုန်းဘောင်ခေတ်လက်ရာတွေကို တွေ့မြင်ရတဲ့ ရှေးဟောင်းကျောင်းတော်ဖြစ်လို့ ပူးပေါင်းထိန်းသိမ်း ပေးနေတာပါ။ ဒီလုပ်ငန်းစဉ်တွေအတွက် အချိန်သုံးနှစ် ယူရမှာပါ။

အခုလုပ်နေတာက ဒုတိယပိုင်း ပါ။ ကနဦး ဆွေးနွေးမှုတွေ လုပ်နေတာကြောင့် ကြန့်ကြာနေခဲ့တာပါ'' ဟု Mr. Jeffery Allen ကပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger