www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 10, 2018

စည်းကမ်းမဲ့မောင်းနှင်သော ဆိုင်ကယ်ကို ရှောင်ရာမှ မီးသတ်ယာဉ် တိမ်းမှောက်



မန္တလေး ၁ဝ-၈-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် စစ်ကိုင်း-တံတားဦး လမ်းဆုံ တိုးဂိတ်အနီးတွင် ယနေ့ ည ၆နာရီမိနစ်၂ဝက စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ်ကို ရှောင်တိမ်းရာမှ မီးသတ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ် ဦးစီးဌာနမှ သိရသည်။

မိုင်တိုင် ၃၆ဝ/၁၌ ဆိုင်ကယ်မတော်တဆ ဖြစ်ပွားသည်ဟု သတင်းအရ ညနေပိုင်းတွင် ကူညီကယ်ဆယ်ရန် ထွက်သွားခဲ့ပြီး ပြန်လာစဉ် စစ်ကိုင်း-တံတားဦး လမ်းဆုံတိုးဂိတ်အနီး အရန်မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦးလိုက်ပါလာပြီး တောင်မှမြောက်သို့ မောင်းနှင်လာသော တောင်သမန်ကျေးရွာ အရန်မီးသတ် ကားရှေ့သို့ ဆိုင်ကယ်တစ်စီး စည်းကမ်းမဲ့ ဖြတ်ဝင်မောင်းနှင် ခြင်းကြောင့် မီးသတ်ယာဉ်မှာ ဘရိတ်အုပ်ရှောင်တိမ်း ခဲ့သော်လည်း ရေဝိတ်ကြောင့် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒုတိယ တပ်ခွဲမှူး အပါအဝင် အရန်မီးသတ် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါသုံးဦးအနက် နှစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိကာ မစိုးရိမ်ရကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှ သိရသည်။

"ညနေ ၅ နာရီ ၄၅မိနစ်က မိုင်တိုင် ၃၆ဝ/၁ မှာ ဆိုင်ကယ် မတော်တဆ ဖြစ်တယ်ဆိုလို့ ကူညီကယ်ဆယ်နိုင်ဖို့ ထွက်သွားခဲ့တဲ့ကားပါ။ ည ၆နာရီ မိနစ်၂ဝလောက်မှာ သတင်းရတယ်။ အိုးတုတ္တန်းနားမှာ ဆိုင်ကယ်ရှောင်ရင်း ကားမှောက်တယ်လို့ သတင်းကြားရတယ်။ ၇ နာရီ မိနစ်၂ဝမှာ ခြေထောက်ညှပ် နေတဲ့တပ်စုမှူးကို ကယ်ဆယ်နိုင်ခဲ့တယ်။ စည်းကမ်းမဲ့ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရှောင်လိုက်တဲ့အချိန် မှာအခုလို ဖြစ်သွားတာပါ"ဟု အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြောပြသည်။

ယခုအခါ ပြည်သူ အများစုသည် မီးလောင်မှု ဖြစ်ပွားသည်ဟု သတင်းကြားသည်နှင့် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ ဓာတ်ပုံတင်နိုင်ရန်နှင့် သွားရောက်ကြည့်ရှု နိုင်ရန် မီးသတ်ယာဉ်များ နောက်သို့ လိုက်ခြင်း၊ အပြိုင်ယှဉ်မောင်း ခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရန် သွားသော မီးသတ်ယာဉ်များ အနှောင့်အယှက် ဖြစ်စေကြောင်း အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger