www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

ဗန်းမော်မြို့ ဂေါ်ရာကန်အတွင်းမှ အင်္ဂလိပ်လက်ထက်က အသုံးပြုခဲ့သော သစ်တော အကောက်အခွန်တံဆိပ်တုံးနှစ်ခု တွေ့ရှိ



ဗန်းမော် ၂-၈-၂ဝ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက် ဂေါ်ရာကန်အား သန့်ရှင်းသာယာ လှပစေရန်နှင့် ရေထုညစ်ညမ်းမှု မရှိစေရေးအတွက် Asia Urban Constiruction (AEC) မှ တာဝန်ယူကာ အင်ဂျင်စက်များ အသုံးပြု၍ ဂေါ်ရာကန် တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၁ရက် ညနေ ၄ နာရီခန့်တွင် အင်္ဂလိပ်လက်ထက်က အသုံးပြုခဲ့သော သစ်တော အကောက်အခွန် တံဆိပ်တုံးဟု ယူဆရသော တံဆိပ်တုံးဟောင်း နှစ်ခုတွေ့ရှိခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

အင်္ဂလိပ်လက်ထက်က အသုံးပြုခဲ့သည်ဟု ယူဆရသော သစ်တောအကောက် တံဆိပ်တုံးတွင် မြန်မာစာဖြင့် အကောံဟု တံဆိပ်တုံးတွင် ရေးထားပြီး အလယ်တွင် B စာလုံးပါကာ အောက်တွင် S35 ဟု ပါရှိသည်။ 

ဂေါ်ရာကန်ရေအောက်တွင် ရှိသည့် နွံတွေကို အင်ဂျင်စက် သုံးလုံးတပ်ဆင်၍ ဗြုန်းဖြင့် စုပ်ထုတ်ပြီး ရေကန်အပြင်ဘက်သို့ ထုတ်ပစ်ကြောင်း၊ ကန်ရေသန့်ရှင်း ကြည်လင်လာပါက ပြည်သူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger