www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

ဝါးစိုက်ခင်းများက သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝစီးပွားများအတွက် အကျိုးဖြစ်ထွန်းနိုင်



မကွေး ၂-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီး အတွင်း၌ မြို့နယ်သစ်တောရုံးများ အစီအစဉ်ဖြင့် ဝါးပင်၃၄၂ဝဝ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်စိုက်ဧက ၁ဝဝခန့် စိုက်ပျိုးထားလျက်ရှိပြီး သဘာဝဝါး တောများနှင့် တစ်နိုင်တစ်ပိုင် ဝါးစိုက်ခင်းများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသာမက ဒေသခံပြည်သူများ၏ လူမှုဘဝစီးပွားများအတွက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

"ဝါးကို သတ်သတ်မှတ်မှတ် စိုက်တော့ သဘာဝတောလဲ အခုတ်ခံရတာ သက်သာမယ်။ ဝါးကသုံး၊ လေးနှစ်ဆိုရင် ပိုက်ဆံကရပြီ။ ခုတ်လို့ရပြီ။ အကျိုးရှိနေပြီ။ ဝါးချည်းမဟုတ်ဘဲနဲ့ အချောထည် Value Added လေးတွေလုပ်ရင် ပိုအကျိုးရှိပါတယ်။ ရပ်ရွာတွေမှာ ဒါကိုလုပ်တတ်တဲ့ အလေ့အထရှိသွားရင် ဒေသမှာလဲ ဝင်ငွေတိုးမယ်။ တခြားသစ်တောထွက် ပစ္စည်းကို ထိခိုက်တာလဲ ကုစားနိုင်မယ်"ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောပြသည်။

ဝါးကိုအခြေပြု၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ၂ဝ၁၈ခုနှစ် ဧပြီလမှစ၍ ဌာနဝန်ထမ်း ၂၅ဦး၊ စိတ်ပါဝင်စားသည့် ပုဂ္ဂလိက ၂၅ဦးတို့အတွက် ဝါးအသုံးပြုမှုဆိုင်ရာ သင်တန်းတစ်ခုကို ကျောက်ပန်းတောင်းမြို့၌ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဝါးကို မီးသွေးဖုတ်ခြင်း၊ ဝါးပေါင်းခံရည်ဖြင့် လူသုံးကုန်၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆက်တီခုံ စသည့်ဝါးပရိဘောဂ အသုံးအဆောင်များ ပြုလုပ်ခြင်း၊ ဝါးဖြင့်အဆောက်အအုံ တည်ဆောက်မှု ခေတ်စား လာချိန်၌ ဝါးခန်းမ တည်ဆောက်မှု လေ့လာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သဘာဝပေါက် ဝါးတောတွေကတော့ စဉ်ဆက်မပြတ် ခုတ်ယူသုံးစွဲနိုင်တဲ့ အနေအထားရှိပါတယ်။ သစ်တောဦးစီး ဌာနအနေနဲ့ နှစ်စဉ် သဘာဝတောတွေကနေ ဝါးအလုံးရေသိန်း ၁၅ဝလောက် ထုတ်ယူသုံးစွဲ လျက်ရှိပါတယ်။ သုံးစွဲတဲ့နေရာတွေမှာ ပြန်လည်ဖြည့်တင်းနိုင်ဖို့ဝါး တစ်သိန်းထုတ်လုပ်မယ်ဆိုရင် ဝါးစိုက်ခင်း နှစ်ဧကစိုက်ပျိုးကြဖို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်"ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger