www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 29, 2018

မန္တလေးမြစ်ကြီးနား ရထားလမ်းပိုင်းကို ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်မည်



မန္တလေး ၂၉-၈-၂ဝ၁၈

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်ကာ ကိုရီးယားနိုင်ငံထုတ် စက်ခေါင်းများဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှအင်ဂျင်နီယာမှူး စက်မှု (တိုင်း) တာဝန်ခံ ဦးဇော်မိုးအေးက ပြောပြ၍ သိရသည်။

အဆိုပါလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစတင်မည့် အချိန်ကို အတိအကျမသိရှိ ရသေးသော်လည်း ၎င်းလမ်းပိုင်းရှိ အန္တရာယ်ရှိသည့် ကွေ့နေရာများကို ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

''ရထားတွေ အရှုံးပေါ်နေတယ် ဆိုပေမယ့် ဖျက်မပစ်သင့်တဲ့ အကြောင်း တရားတွေရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီဘက်မှာ ရထားလမ်းပိုင်းကို ဗုံးခွဲခံရတယ်။ ဒါမှမဟုတ် ပိတ်နေတယ်ဆိုရင် ကြက်ဥတစ်လုံးကို ငွေကျပ်၁၅ဝ၊၂ဝဝကနေ ချက်ချင်း ၅ဝဝဖြစ်သွားတယ်။ ဒါကြောင့် ပုံမှန်သာ ဒီရထားပြေးဆွဲ နေမယ်ဆိုရင် ဈေးသက်သက်သာသာနဲ့ ဒေသခံတွေ စံစားရတာမျိုးရှိပါတယ်။ ဒါကြောင့် ရထားအနေနဲ့အများကြီး အထောက်အကူပေးပါတယ်''ဟု အင်ဂျင်နီယာမှူး စက်မှု(တိုင်း)တာဝန်ခံ ဦးဇော်မိုးအေးက ပြောပြသည်။

အဆိုပါလမ်းပိုင်း ပြုပြင်ခြင်းအတွက် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ခန့် အကုန်အကျခံ၍ မိုင်ပေါင်း ၄ဝ တာဝန်ယူပြင်ဆင်ပေးရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းတွင် နေ့စဉ်စီးနင်း အသုံးပြုနေသည့် ခရီးသည် ဦးရေ ၁၆ဝဝ ခန့်ရှိကြောင်း သိရသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အပြင်ရန်ကုန်-မန္တလေး လမ်းပိုင်းကို JICA နှင့်လည်းကောင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းကို ADB ဘဏ်နှင့်လည်းကောင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းကို ဌာနငွေကြေးနှင့် လည်းကောင်း လုပ်ဆောင်သွားမည့်အပြင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger