www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 29, 2018

မူးယစ်မှုဖြင့် ဖမ်းဆီးခံရသူ အဆိုတော်ရသအပါအဝင် သုံးဦးကို စက်တင်ဘာလ ၁ဝ ရက်၌ မန္တလေးခရိုင်တရားရုံးတွင် စတင်စစ်ဆေးမည်



မန္တလေး ၂၉-၈-၂ဝ၁၈

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည့် အဆိုတော်ရသ အပါအဝင် ပြစ်မှုကျူးလွန်သူ သုံးဦးကို စက်တင်ဘာ ၁ဝ ရက်တွင် မန္တလေး ခရိုင်တရားရုံး၌ စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း ချမ်းမြသာစည် မြို့နယ်တရားရုံးမှ သိရသည်။

ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း၊ ၄၉လမ်းနှင့်လမ်း၅ဝကြားရှိ အအေးခန်း ဧည့်ရိပ်မွန် အခန်းအမှတ် ၂ဝ၅ တွင် သြဂုတ် ၁၄ ရက် ညနေ ၃ နာရီခန့်က သတင်းအရရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုတော် ရသအပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ကို စိတ်ကြွမူးယစ်ဆေးဝါး ၁၆၅၅ ပြားနှင့် ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ရာ သြဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

"အခုလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရောင်းဝယ်တဲ့ သူတွေကိုသာ မကြာခဏ မိနေတဲ့အထဲမှာ ကျွန်တော်တို့ အဖမ်းခံရတာ ကတော့ကံပါပဲ။ ဒါကတိုက်ဆိုင်မှုလို့လဲ ပြောလို့ရတယ်။ အတွေ့အကြုံ အသစ်တစ်မျိုးပေါ့။ ပရိသတ်တွေကိုတော့ သီချင်းဆိုရင်းနဲ့ပဲ ပြောသွားပါမယ်"ဟု အမှုရင်ဆိုင်ရန် တရားရုံးသို့ ရောက်ရှိလာသည့် ဖမ်းဆီးခံရသူ အဆိုတော်ရသက မီဒီယာများကို ပြောပြခဲ့သည်။

ရဲမင်းသိန်း(ခ) အဆိုတော်ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗျာတာမီးတို့ သုံးဦးနှင့်အတူ ဆေးပြား၁၆၅၅ပြား တွေ့ရှိခဲ့ရပြီး ၎င်းတို့သုံးဦးကို အောင်ပင်လယ်နယ်မြေ ရဲစခန်းက မယ(ပ)၁၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger