www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 29, 2018

မြန်မာအားကစား အဖွဲ့ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်



အင်ဒိုနီးရှား ၂၉-၈-၂ဝ၁၈

(၁၈)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို  အင်ဒိုနီးရှားနိုင်ငံ  ဂျကာတာမြို့နှင့် ပလမ်ဘန်းမြို့တို့၌  ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အနေဖြင့် အဆင့်သတ်မှတ်ချက် အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့်  လေးယောက်တွဲ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲများကို  ဆက်လက် ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ဂျကာတာမြို့ရှိ   ဘော်လီဘောအားကစားရုံ၌ ကျင်းပသည့် အမျိုးသား ဘော်လီဘော အဆင့်သတ်မှတ်ချက်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ထိုင်းအသင်းကို ရမှတ် ၂၄-၂၆၊ ၃၅-၃၇၊ ၂၅-၂၂၊ ၁၅-၂၅၊ ၃ ပွဲ-၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် သြဂုတ် ၃ဝ ရက်တွင် အဆင့်သတ်မှတ်ချက် ၁၁-၁၂ ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းနောက် ပလမ်ဘန်းမြို့ရှိ  JSC Roneu  Stadium  အားကစားရုံ၌ အမျိုးသမီး လေးယောက်တွဲ အသင်း လိုက် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာအသင်း အပါအဝင် အိမ်ရှင် အင်ဒိုနီးရှားအသင်း၊ လာအိုအသင်းနှင့် ကိုရီး ယားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့  ယှဉ်ပြိုင်ရာ  မြန်မာ အသင်းက လာအိုအသင်းကို  နှစ်ပွဲပြတ်ဖြင့်   ရှုံးနိမ့်ခဲ့သည်။

ဆက်လက်ပြီး အမျိုးသား လေးယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု (က)တွင် မြန်မာအသင်း အပါအဝင် အိမ်ရှင် အင်ဒိုနီးရှားအသင်း၊ လာအိုအသင်းနှင့် ဂျပန်အသင်း၊ အုပ်စု(ခ)တွင် နီပေါအသင်း၊ ပါကစ္စတန် အသင်း၊ ဗီယက်နမ်အသင်းနှင့် စင်ကာပူ အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြပြီး ညနေ ၃ နာရီတွင် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ရာ  မြန်မာအသင်းက  လာအိုအသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

(၁၈)ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲ ကို ဂျကာတာမြို့နှင့် ပလမ်ဘန်းမြို့တို့ရှိ  အားကစားကွင်း၊ အားကစားရုံ တို့၌ ကျင်းပလျက်ရှိရာ အာဆီယံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်  ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger