www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 25, 2018

ကလောမြို့နယ်အတွင်း ဘော်နင်းကုန်းကျေးရွာအနီး၌ တရားမဝင်သစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်လေးစီးအား ဖမ်းဆီးရမိ



နေပြည်တော် ၂၅-၇-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ နန်းတိုင်ကျေးရွာ အုပ်စုအတွင်း ဌာနဆိုင်ရာတာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဇူလိုင် ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဘော်နင်းကုန်း ကျေးရွာအနီး၌ တရားမဝင်သစ် ၅၅ တန်ခန့် သယ်ဆောင်လာသည့် မော်တော်ယာဉ်လေးစီးကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လေးဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ကျေးရွာအနီး၌ ဝင်းဇော်အေး (ဘ) ဦးတင်ဝင်းမောင်းနှင်၍ ယာဉ်နောက်လိုက် မင်းထက် (ဘ) ဦးဝင်းနိုင်ဦး လိုက်ပါလာသည့် MAN အမျိုးအစား ၂၂ ဘီးတွဲ ယာဉ်အမှတ်၊ 3P/---- ပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် ပိတောက်ဓားရွေတုံး ၁၄ တန်ခန့်နှင့် နိုင်လင်း (ဘ) ဦးဇော်လင်း မောင်းနှင်၍ ယာဉ်နောက်လိုက် မိုးဝေ (ဘ) ဦးဘဦး လိုက်ပါလာသည့် NISSAN အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 3D/---- ၂၂ ဘီးတွဲ ယာဉ်ပေါ်မှ ပိတောက်ဓားရွေတုံး ၁၄ တန်ခန့်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ၎င်းနေရာ၌ပင် MAN အမျိုးအစား ၂၂ ဘီးတွဲ ယာဉ်အမှတ်၊ 3P/----ပေါ်မှ ပိတောက်ဓားရွေတုံး ၁၄ တန်ခန့်နှင့် MAN အမျိုးအစား ၂၂ ဘီးတွဲ ယာဉ်အမှတ်၊ 5N/----ပေါ်မှ ပိတောက်ဓားရွေတုံး ၁၃ တန်ခန့်တို့ကို ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်များနှင့် တရားမဝင်သစ် စုစုပေါင်းခန့်မှန်း ၅၅ တန်အား ကလောမြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger