www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 15, 2018

မိုးကုတ်တွင် မြေပြိုမှုဖြစ်ပွား လူငါးဦးသေဆုံး



မိုးကုတ် ၁၅-၆-၂ဝ၁၈

မိုးကုတ်မြို့တွင် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငါးဦးထိ သေဆုံးခဲ့ကြောင်း မိုးကုတ်မြို့အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံမှ သိရသည်။

မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်တိုက်နယ် အောင်သစ်လွင် ရပ်ကွက်အတွင်း၌ ယနေ့နံနက် ၃ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခဲ့ပြီး အိမ်အချို့ပျက်စီးခဲ့ကာ လူငါးဦးသေဆုံး ခဲ့ကြောင်း မိုးကုတ်မြို့နယ်ရှောလီဝိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောပြသည်။

"လူငါးယောက် သေတယ်။ နောက်တစ်နေရာမှာလဲ ပြိုသေးတယ်။ ဒါပေမဲ့ အဲဒါကတော့ လူအသေအပျောက် မရှိပါဘူး"ဟု ဦးစိုးမြင့်က ဆက်လက်ပြောပြသည်။

အဆိုပါမြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၂ဦး၊ မိုးကုတ်အရန် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ဦးရေ ၁ဝဝကျော်၊ မိုးကုတ်မြို့ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ဦးရေ ၈ဝခန့်နှင့်ပါရမီလူမှုကူညီရေးအသင်းမှတာဝန်ရှိသူများ ပူးပေါင်း၍ နယ်မြေခံအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger