www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 15, 2018

နာဂဒေသ ထမံသီ-လေရှီး-ပန်ဆပ်နှင့် ဆွမ္မရာလမ်းပိုင်းရှိ နေရာအချို့ မြေပြို



လေရှီး ၁၅-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်း ဇွန် ၁၂ရက်မှ ၁၃ ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထမံသီလေရှီး -ပန်ဆပ်နှင့် ဆွမ္မရာလမ်းပိုင်းများရှိ နေရာခုနစ်နေရာတွင်ဇွန်၁၃ရက် နေ့လယ်ပိုင်းက တောင်များပြိုကျခြင်း၊ တောင်ကျချောင်း ရေတိုက်စားမှု ကြောင့်လမ်းများ ပဲ့ကျခြင်း၊ တံတားချဉ်းကပ်လမ်းများ ပျက်စီးမှုရှိခဲ့ကြောင်း လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထမံသီ- လေရှီး-ပန်ဆပ်နှင့် ဆွမ္မရာလမ်းပိုင်းများရှိ မိုင်တိုင်အမှတ် (၃၆/၄) နှင့် (၃၆/၅) ကြား၊ မိုင်တိုင်အမှတ်(၃ဝ/ဝ)နှင့် (၃ဝ/၁) ကြား မိုင်တိုင်အမှတ်(၃၈/၃) နှင့် (၃၈/၄)ကြား၊မိုင်တိုင်အမှတ် (၃၉/၂)နှင့် (၃၉/၃)ကြား၊မိုင်တိုင် အမှတ်(၄၅/ဝ) နှင့် (၄၅/၁)ကြားကမ်းပါးနံရံ မြေစာပြိုကျခြင်းကြောင့် မိုင်တိုင်အမှတ် (၂၅/၂၂)နှင့် မိုင်တိုင်အမှတ် (၂၅/၂၃)ကြားရှိပေ ၉ဝ အရှည်ရှိ တံတားအမှတ်(၁/၂၆)၏ ရေဝင်ဘက်ခြမ်းရှိမြေကာနံရံ ပေ၈ဝခန့် ရေတိုက်စား၍ မိုင်တိုင်အမှတ် (၄၂/၄)နှင့် (၄၂/၅)ကြားရှိ အရှည် ၁၅ပေရှိကွန်ကရစ် တံတားသည် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေပြိုခြင်းနှင့် လမ်းများရေတိုက်စားရာ နေရာများသို့ လေရှီးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊လမ်းဦးစီးဌာန တို့မှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ယန္တရားနှစ်စီးဖြင့် ယာဉ်သွားယာဉ်လာ ကောင်းမွန်စေရေး ရှင်းလင်းပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger