www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 15, 2018

စစ်ဆေးပါများ၍ ခိုးမှုထပ်ပေါ် အပေါင်းအသင်းသုံးဖော်



ရွှေဘို ၁၅-၆-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ယနေ့တွင် ဆိုင်ကယ်ခိုးယူ သူများကို စစ်ဆေးချက်အရ ထပ်မံ၍ ဆိုင်ကယ်ခိုးမှုများ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဆိုင်ကယ်ခိုးမှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် ခိုးမှုများ ပေါ်ပေါက်စေရေးအတွက် ရွှေဘိုမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးမြင့်မောင် အနီးကပ်ကြီးကြပ်မှုဖြင့် နယ်ထိန်းအရာရှိ ရဲအုပ် မြတ်ဖုန်းပိုင် ဦးစီးအဖွဲ့သည် နီးစပ်ရာ မြို့နယ် ရဲစခန်းများသို့ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူရဲတပ်ဖွဲ့မှ HONDA CLICK-125 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာသူ ဟိန်းမင်းစိုး(ခ) ငှက်တက် (ဘ) ဦးတင်မောင်ဆွေ ချီပါစုရပ် အမှတ် (၇) ရပ်ကွက် ရွှေဘိုမြို့နေသူကို ဖမ်းဆီးထားကြောင်း သိရသဖြင့်ရဲအုပ် မြတ်ဖုန်းပိုင်နှင့် အဖွဲ့က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ သွားရောက်ခေါ်ဆောင် လာခဲ့ပြီး စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ရွှေဘိုမြို့အမှတ် (၄) ရပ်ကွက် အနောက်ဈေးရပ်ရှိ လက်ဖက်ရည်ဆိုင်၏ ဝဲဘက်ကပ်လျက် နေအိမ်ရှေ့ အမိုးအောက်တွင် ရပ်ထားသော HONDA CLICK-125 အမျိုးအစား ဆိုင်ကယ်တစ်စီးကို ဇော်မင်းထက် (ဘ) ဦးထွန်းမော် ချီပါစုရပ် အမှတ် (၇) ရပ်ကွက် ရွှေဘိုမြို့နေသူနှင့် သီဟသော်ဇင် (ခ)ဗန်းကြီး (ဘ)ဦးသော်ဇင် ဝန်တော်အိမ်ရပ် အမှတ် (၈) ရပ်ကွက် ရွှေဘိုမြို့နေသူတို့ နှစ်ဦးနှင့်အတူ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။ ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ CANDA အမျိုးအစား ၁၂၅ ဖင်ထောင် ဆိုင်ကယ်တစ်စီး၊ SHAYAN ဆိုင်ကယ်နှစ်စီး၊ URBAM SPORT အမျိုးအစား CZI-125 ဆိုင်ကယ်တစ်စီး စုစုပေါင်း ဆိုင်ကယ်ငါးစီးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဟိန်းမင်းစိုး (ခ) ငှက်တက်၊ ဇော်မင်းထက်နှင့် သီဟသော်ဇင် (ခ) ဗန်းကြီးတို့ သုံးဦးကို ရွှေဘိုမြို့မရဲစခန်းက (ပ) ၄၃၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၈ဝဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger