www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 15, 2018

မုန်တိုင်းမိုးကြောင့် စပါး၊ နှမ်း၊ ပဲစိုက်ခင်းများ ရေအောက်ရောက်ရှိ



မင်းဘူး ၁၅-၆-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်း ဇွန် ၉ ရက်မှ ၁၃ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်း၍ စိုက်ပျိုးပြီး လယ်ယာမြေဧက ၁၅၄ဝ၂ ဒသမ ၉၇ ဧကရေကြီး နစ်မြှုပ်နေကြောင်း မင်းဘူး (စကု) မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကူ) မြို့နယ်အတွင်း ဇွန်၁၃ရက်ထိ ရေကြီးနစ်မြှုပ်မှုကြောင့် ကျေးရွာအုပ်စု ၄၄ အုပ်စုမှ လယ်ယာမြေဧကပေါင်း ၁၅၄ဝ၂ ဒသမ ၉၇ဧက ရေကြီးနစ်မြှုပ်မှု ဖြစ်ပေါ်နေကြောင်း၊ ဒေသအတွင်းရှိ ချောင်းများ၊ရိုးများ ရေကြီးရေလျှံကာ ကျေးရွာများ ရေကြီးနစ်မြှုပ်ပြီး သီးနှံစိုက်ခင်းများ ရေနစ်မြှုပ်နေကြောင်း၊ မြို့နယ်အတွင်း ဇွန် ၁ဝ ရက် မှ ၁၃ရက်ထိ လေးရက်အတွင်း မိုးရေချိန်လက်မ ၁ဝ ဒသမ ၁၄ထိ ရွာသွန်းခဲ့ကြောင်း မင်းဘူး (စကု)မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောပြသည်။

ရေကြီးနစ်မြှုပ် ခဲ့မှုကြောင့် မြို့နယ်အတွင်း နွေစပါး ၁၉၃ ဒသမ ၄၉ ဧက၊ နွေနှမ်း ၁၃၅၃၆ ဒသမ ၉၂ ဧက၊ မိုးနှမ်း ၁၅ဝ၃ ဒသမ ဝ၆ ဧက၊ ပဲတီစိမ်း ၁၆၉ ဒသမ ၅ဝ ဧကစုစုပေါင်း ၁၅၄ဝ၂ ဒသမ ၉၇ ဧက ရေကြီးနစ်မြှုပ်ခဲ့ကြာင်း ၎င်းက ပြောပြသည်။

မင်းဘူး (စကု) မြို့နယ်အတွင်း ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ချောင်းများ၊ ရိုးများရေလျှံကာ လယ်ယာစိုက်ပျိုး သီးနှံများ ရေနစ်မြှုပ်ပျက်စီး ခဲ့သကဲ့သို့ စကုမြို့ပေါ်ရှိ ရပ်ကွက်များ၊ မန်းချောင်းတစ်လျှောက်ရှိ ကျေးရွာ အချို့ရေဝင်ရောက်ကာ ရွေ့ပြောင်းသယ်ယူနေရကြောင်း၊ ကတ္တရာလမ်းပေါ်ရေ ကျော်မှုများကြောင်း၊ ယာဉ်သွားလာမှု ဖြတ်တောက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

"အခုရက်ပိုင်း၊ နေ့စဉ်ရက်ဆက် ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရိတ်သိမ်းခါနီး နွေနှမ်းစိုက်ခင်းတွေ ရေနစ်မြှုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒေသဆည်ရေရရှိလို့ နွေနှမ်းအဓိက စိုက်ခဲ့ကြတာ ကျွန်တော်တစ်ယောက်တည်း လေးဧကကျော် လောက်ရေနစ်မြှုပ် ခဲ့ပါတယ်။ အခုလို မိုးကဆက်တိုက်ရွာနေတော့ ရွာမှာရှိတဲ့လက်လုပ်၊ လက်စားတွေလဲ အဆင်မပြေပါဘူး"ဟု မင်းဘူး (စကု) မြို့နယ်ကျောက်ခံ ကျေးရွာနေ ကိုမင်းနိုင်က ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger