www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 15, 2018

အောက်စက်တော်ရာ အမိုးပန်းဆွဲထိ မန်းချောင်းရေ ဒုတိယအကြိမ်ရောက်ရှိ



မကွေး ၁၅-၆-၂ဝ၁၈

မင်းဘူးခရိုင် မန်းရွှေစက်တော်၊ အောက်စက်တော်ရာ ဘုရားဆောင်၏ ပန်းဆွဲအမြင့် ၁၉ပေခန့်ထိ မန်းချောင်းရေ မြင့်တက်လျက်ရှိပြီး ၁၉၈၇ ခုနှစ်တွင်တစ်ကြိမ်သာ မြင့်တက်ခဲ့ပြီးနောက် ဇွန် ၁၄ရက်မန်းချောင်းရေ မြင့်တက်မှုမှာ ဒုတိယအကြိမ်အဖြစ် မှတ်တမ်းဝင်သွားကြောင်း ရွှေစက်တော်ဂေါပက အဖွဲ့မှ သိရသည်။

"၁၉၈၇ ခုနှစ်တုန်းကတော့ မန်းချောင်းရေက အောက်စက်တော်ရာ ပန်းဆွဲထိရောက်ဖူးတယ်။ ၂ဝ၁၅ ခုနှစ်မှာ ရင်ပြင်ပေါ် ၁၅ပေ ၄ လက်မထိ တက်ခဲ့ပါတယ်။ မနှစ်က ခြောက်လပိုင်းမှာတစ်ခါ၊ ခုနစ်လပိုင်းမှာတစ်ခါ၊ ကိုးလပိုင်းမှာ တစ်ခါရေတက်ခဲ့တယ်။ အခုဟာက ဒုတိယအကြိမ် ရေအမြင့်ဆုံးတက် တဲ့အနေအထားပါ"ဟု ရွှေစက်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးသိန်းလှိုင်က အတည်ပြု ပြောပြသည်။

အောက်စက်တော်ရာ ရင်ပြင်ထဲသို့ ဇွန် ၁ဝ ရက် ညနေ ၃ နာရီ ၂ဝ မိနစ်၌ မန်းချောင်း ရေစဝင်ခဲ့ကာ ဇွန် ၁၁ ရက်တွင် ရေအမြင့်ငါးပေခန့်ထိ တက်လာကြောင်း၊ ဇွန် ၁၂ ရက် နံနက်၌ ရင်ပြင်တော်ပေါ်မှ ရေပြန်ဆင်းသွားသည့် အတွက်ဂေါပကအဖွဲ့နှင့် ဝန်ထမ်းများမှာ ဒူးဆစ်ခန့်ရှိ ရွှံ့ညွန်များကို သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း၊ မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် ယင်းနေ့နံနက် ၁၁နာရီခန့်တွင် ရင်ပြင်ပေါ်သို့ ရေပြန်ဝင်ခဲ့ကာ ဇွန် ၁၃ ရက်၌ ရေအမြင့်သုံးပေခွဲ၊ လေးပေခန့်ရှိနေရာမှ ည ၁၂ နာရီခန့်တွင် ငါးပေအမြင့်ထိ ရောက်လာကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ရေဆက်တိုးလျက်ရှိကာ မွန်းလွဲ၁နာရီ၌ ပန်းဆွဲထိ မန်းချောင်းရေ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

"အောက်စက်တော်ရာ LED ဆိုင်းဘုတ်လဲ မြုပ်သွားပြီ။ အောက်စက်တော်ရာ ရင်ပြင်ကနေ ပန်းဆွဲထိ ၁၈ ပေခွဲ၊ ၁၉ ပေခန့်လောက် မြင့်ပါတယ်။ အခက်အခဲကတော့ ဟိုဘက်နဲ့ဒီဘက် ကူးလို့မရဘူးပေါ့။ ရိက္ခာတွေလဲ ပြတ်နေ တော့တာပေါ့ဗျာ။ ဒါပေမဲ့ ဘုရားကြီးရဲ့ပစ္စည်းတွေ လေလွင့်ဆုံးရှုံးမှု မရှိစေဖို့ တာဝန်ကျဂေါပကနဲ့ ဝန်ထမ်းတွေက ရေမိုးလွတ်တဲ့နေရာကို ရွှေ့ပြောင်းသိမ်းဆည်း ပြီးဖြစ်ပါတယ်"ဟု ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger