www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 29, 2018

သင်္ကြန်ပိတ်ရက် နေရပ်ပြန်မည့် သူများအတွက် ကားလက်မှတ်များ ကြိုတင်ရောင်းချ ပေးနေ



ရန်ကုန် ၂၉-၃-၂ဝ၁၈

ဒေသအသီးသီးမှ ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကိုင် နေသူများ သင်္ကြန်အလုပ် ပိတ်ရက်အတွင်း နေရပ်သို့ပြန်ရန် ကားလက်မှတ်များကို စတင်ရောင်းချ ပေးနေပြီဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။

သင်္ကြန်ပိတ်ရက် အတွင်း နေရပ်ပြန်မည့်သူများ ကားလက်မှတ် အခက်အခဲမရှိစေရန် ကြိုတင်ရောင်းချ ပေးနေခြင်းဖြစ်ပြီး ကားလက်မှတ် ဈေးနှုန်းများအား ပုံမှန်ဈေးနှုန်း အတိုင်းသာ ရောင်းချပေးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ကားလက်မှတ်များ စတင်ရောင်းချ ပေးနေသော်လည်း ပုံမှန်အခြေအနေ တွင်သာရှိနေကြောင်း သိရသည်။

ယခုနှစ်သင်္ကြန် ပွဲတော်တွင် ယမန်နှစ်ကထက် အလုပ်ပိတ်ရက် နည်းခြင်းကြောင့် နေရပ်ပြန်မည့်သူများ ဦးရေနည်းပါး နိုင်ကြောင်း၊ ထို့ကြောင့် အဝေးပြေးကား လက်မှတ်ရောင်းချရမှုမှာ ယခင်နှစ်ထက် နည်းပါးနိုင်ကြောင်း၊ အဝေးပြေးယာဉ်များမှာ သင်္ကြန်ပွဲတော် ပိတ်ရက်ကာလအတွင်း ပုံမှန်ပြေးဆွဲပေးမည် ဖြစ်သည့်အတွက် ခရီးသွားပြည်သူ များအတွက် အခက်အခဲမရှိ နိုင်ကြောင်း၊ လက်မှတ်ဈေးနှုန်းများမှာ တောင်တွင်းကြီး ကားလက်မှတ် တစ်စောင်လျှင် ငွေကျပ် ၇၅ဝဝ၊ အောင်လံ ကားလက်မှတ် တစ်စောင်လျှင် ငွေကျပ် ၆ဝဝဝ နှင့် ပြည်ကားလက်မှတ် တစ်စောင်လျှင် ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားပြီး ကျန်ခရီးစဉ်များအတွက် ကားလက်မှတ် နှုန်းထားများကို ပုံမှန်ရောင်းချ ပေးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger