www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 29, 2018

ယခုနှစ် ကုန်သွယ်မှု လိုငွေပမာဏ ယခင်နှစ်ထက် လျော့နည်း



ရန်ကုန် ၂၉-၃-၂ဝ၁၈

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများ၏ ပို့ကုန်၊ သွင်းကုန် ကဏ္ဍတွင် ပြည်တွင်းပို့ကုန် ကဏ္ဍတိုးမြင့် လာသောကြောင့် ယခုနှစ်၏ ကုန်သွယ်မှု လိုငွေပမာဏ လျော့နည်းလာကြောင်း ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှု သင်တန်းကျောင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေထံမှ သိရသည်။

''ဒီနှစ်ကတော့ ကုန်သွယ်မှု တိုးလာပေမယ့် လိုငွေပြမှုက အရင်နှစ်တွေကလို မမြင့်တော့ဘဲ ကျဆင်းသွားတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းကနေ ထုတ်လုပ်တဲ့ ပို့ကုန်တွေရှိသလို ပြည်တွင်းမှာ ကုန်ချောလုပ်ပြီး ပြည်ပကိုတင်ပို့တဲ့ ပို့ကုန်တွေ တိုးလာတဲ့အတွက် လိုငွေပြမှုက လျော့နည်း သွားတာပါ။ အရင်နှစ်တွေကဆိုရင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်အထိ လိုငွေပြတယ်။ ဒီလို လိုငွေပမာဏများတာက ပြည်ပကနေ ပြည်တွင်းကို သွင်းကုန် ပမာဏတွေ တိုးနေလို့ပါ။ ဒီနှစ်မှာလည်း သွင်းကုန်က ပမာဏများ ပါတယ်။ ဒါပေမဲ့ ပြည်တွင်းကနေ ပို့ကုန်ကပို တိုးနေတဲ့အတွက် တိုင်းပြည်ရဲ့ ကုန်သွယ်မှုလိုငွေပြမှုက ဒီနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံလောက် လျော့သွားပါတယ်'' ဟု ဦးသိန်းမြင့်ဝေ ကပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအထိ ပြည်တွင်းမှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁၉၁၂ ဒသမ ၇၁၄ ဘီလီယံရှိပြီး ပြည်ပသွင်းကုန် အနေဖြင့် နယ်စပ်နှင့်ပင်လယ် ရေကြောင်းသွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၃၉၈ ဒသမ ၂၁ဝ ဘီလီယံရှိပြီး စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၃၁ဝ ဒသမ ၄၈၇ ဘီလီယံရှိကြောင်း၊ မတ်လအထိ ပို့ကုန်၊ သွင်းကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၃၂ ဘီလီယံကျော်အထိ တိုးတက် လာဖွယ်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်တွင်းကုန်သွယ်မှု လိုငွေပမာဏ လျော့နည်းလာမှုမှာ ယခင်နှစ်ကထက်ယခုနှစ်တွင် ပြည်တွင်းမှ ဆန်တန်ချိန် သုံးသန်းကျော်သည်အထိ ပို့ကုန်သိသာစွာ တိုးမြင့်လာခြင်း၊ အဝင်၊ အထွက် ကုန်သွယ်မှုအဖြစ် သကြားတင်ပို့နိုင်ခြင်း၊ အထည်ချုပ် လုပ်ငန်းများ ပို့ကုန်ပမာဏ တိုးမြင့်ခြင်းနှင့် ပဲ၊ ပြောင်း၊ နှမ်းအပြင်တခြား ပို့ကုန်များလည်း ပမာဏအနည်းငယ်စီ တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကုန်သွယ်မှုလိုငွေ လျော့ကျ လာခြင်းကြောင့် ပြည်တွင်းသို့ စီးဝင်လာသော ငွေများလာပြီး ပြည်ပသို့ ထွက်ငွေလျော့နည်း လာကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger