www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 12, 2018

ဗန်းမောက်မြို့ ဇလုံတောင်ပေါ်သို့ ပုဂ္ဂလိက မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်တို့ကို တက်ရောက်ခွင့် မပြုဟုဆို



ဗန်းမောက် ၁၂-၃-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ရှိ ဇလုံတောင်ပေါ်သို့ ယနေ့မှစ၍ ပြင်ပမှလာရောက်ကြသော ပုဂ္ဂလိက မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်တို့ကို လုံးဝတက်ရောက်ခွင့် မပြုတော့ကြောင်း ဇလုံတောင်ရှိ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

"ဘုရားဖူးခရီးသည် ကားတွေကို အရင်ကတည်းက တက်ရောက်ခွင့် ပြုမထားပါဘူး။ ဒါပေမဲ့ တချို့ကားတွေကျတော့လဲ ခွင့်ပြုချက် တောင်းပြီးတော့ တက်သွားကြတာ တွေရှိနေတယ်။ ဆိုင်ကယ်တွေဆိုရင်လဲ ဒေသခံကျေးရွာ တွေကလိုလို၊ ဈေးဆိုင်တန်း တွေကလိုလိုနဲ့ တချို့တက်သွားကြတာတွေ ရှိနေပါတယ်။ ဒီလိုတက်သွားကြလို့ မတော်တဆမှု တွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ မကြာခဏ ဖြစ်ပေါ်နေလို့ အခုလိုလုံးဝပိတ်လိုက်ရတာပါ"ဟု ဇလုံတောင်ရှိ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဇလုံတောင်သည် အင်းတော်မြို့မှ ၂၉မိုင်၊ တောင်ခြေမှ တောင်ပေါ်သို့ ကိုးမိုင် လေးဖာလုံတက်ရောက်ရပြီး တောင်ဆင်း၊ တောင်တက်အလွန် ကြမ်းတမ်းမက်စောက်သော မြေသားတောင်ပေါ်လမ်း ဖြစ်ကြောင်း သိရသည်။

ဇလုံတောင်သို့ လာရောက်ကြသော ပြည်တွင်းခရီးသည်များကို ဗန်းမောက်မြို့နယ်မှ တာဝန်ရှိသူတို့၏ အစီအစဉ်ဖြင့် ဇလုံတောင် ကားအသင်းမှ ဟိုင်းလတ်ဖိုးဝှီး မော်တော်ယာဉ် ၈၅ စီးဖြင့် အတက်ခရီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝ၊ အဆင်းခရီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝနှုန်းဖြင့် အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးလျက် ရှိကြောင်း နိုင်ငံခြားသား ခရီးသည်များ ဝင်ရောက်မှုကို ပိတ်ပင်ထားကြောင်း သိရသည်။

ဇလုံတောင်ပေါ်တွင် ယာဉ်မတော်တဆမှုများ အနေဖြင့် ယခင်က မော်တော်ယာဉ် တိမ်းမှောက်မှုနှင့် ယခုနှစ် မတ် ၁ဝရက်က မော်တော်ဆိုင်ကယ် တိမ်းမှောက်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု တို့ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger