တန့်ယန်း ၁၂-၃-၂ဝ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့တွင် ဝေဝေဆာဆာ ဖူးပွင့်နေသော လှပသည့်ပန်းဝါပင် တန်းနေရာသို့ သွားရောက် လည်ပတ်သှုများဖြင့် နေ့စဉ်စည်ကား လျက်ရှိကြောင်း သိရသည်။
အဆိုပါပန်းဝါပင် တန်းသည် တန့်ယန်း-ပန်ဆန်းသွား မြို့ပြင်ဘက်ရှိ ဟုန်ပန်းစိုက်ပျိုး ရေးခြံ၏ လမ်းမဘေးနေရာတွင် တည်ရှိပြီး ဟုန်ပန်းကုမ္ပဏီက စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း၊ ထိုပန်းပင်များကို လွန်ခဲ့သော ကိုးနှစ်ခန့်က ထိုင်းနိုင်ငံမှ မျိုးဝယ်ယူ၍ လမ်းဘေးဝဲ၊ ယာတွင်စိုက်ပျိုးခဲ့ပြီး လွန်ခဲ့သော လေးနှစ်၊ ငါးနှစ်ခန့်ကမှစတင်၍ ဖူးပွင့်လာပြီး တဖြည်းဖြည်းနှင့် လူသိများထင်ရှားလာကာ ယခုအခါ၌ ပန်းဝါပင်တန်းများ နေရာသို့ ဒေသခံများအပြင် အခြားမြို့များကပါ လာရောက် လည်ပတ်သူများ များပြားလာသည်နှင့်အမျှ အလှဓာတ်ပုံ ရိုက်ကူးရန်နှင့် ပန်းချိုးသူများ လည်းရှိသဖြင့် ယခုကဲ့သို့ ပန်းပွင့်ရာသီတွင် ပန်းမချိုးရန် စောင့်ကြည့်သတိပေးနေရကြောင်း ပန်းစိုက်ပျိုးစဉ်က ပါဝင်စိုက်ပျိုးခဲ့သူ ဟုန်ပန်းကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။
"ဒီပန်းကိုတချို့က မဟာလှေကားပန်း လို့ခေါ်ကြတယ်။ တန့်ယန်းမှာတော့ ပန်းဝါပင်တန်းလို့ပဲ ခေါ်ကြတယ်။ ဒီပန်းပင်တန်းက မတ်လလဆန်းပိုင်း လောက်မှာ စဖူးပြီးလလယ်ပိုင်း လောက်ရောက်ရင် အစွမ်းကုန်ပွင့်တာ။ လကုန်ပိုင်းဆိုရင် မရှိတော့ဘူး။ ဒီမတ်လမှာ တစ်နေကုန်နီးပါး လာရောက်လည်ပတ် သူတွေနဲ့ အမြဲစည်ကားနေတာ၊ လှလဲတော်တော်လှတယ်။ ရှမ်းပြည်နယ်မှာ ဒီလိုပန်းပင်တွေနဲ့ နေရာမျိုးမရှိသေးဘူး။ ဒီနေရာကိုရောက်ရင်နိုင်ငံခြားရောက်နေ သလိုကိုကြည်နူး ပျော်ရွှင်မိတယ်။ ဒါဟာတန့်ယန်းမြို့အတွက် ဂုဏ်ယူရမယ့် နေရာတစ်ခု လို့ဆိုချင်ပါတယ်"ဟု တန့်ယန်းသူ တစ်ဦးက ပြောပြသည်။
#Yadanarpondaily






No comments:
Post a Comment