www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 14, 2018

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း၌ အတာသင်္ကြန် ဈေးရောင်းပွဲတော် ထည့်သွင်း ကျင်းပသွားမည်



ပြင်ဦးလွင် ၁၄-၃-၂ဝ၁၈

ပြင်ဦးလွင်အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း၌ အတာသင်္ကြန် ဈေးရောင်းပွဲတော် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ အနေဖြင့် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းသို့ နှစ်စဉ်လာရောက် လည်ပတ်ကာ အပန်းဖြေအနားယူသူ များပြားကြောင်း သိရသည်။

"အရမ်းကိုကြီးကျယ်တဲ့ ဈေးပွဲတော်ပုံစံမျိုးပြုလုပ်တာ မဟုတ်ပါဘူး။ ဥယျာဉ်ထဲကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ အဆင်ပြေစွာ နားနေနိုင်ဖို့နဲ့ စိတ်ချမ်းသာစွာ ဝယ်ယူစားသောက်နိုင်ဖို့၊ အလည်လာရင်း ပျော်စရာ သင်္ကြန်ကာလ လေးဖြစ်စေဖို့ ရည်ရွယ်ပြုလုပ်ထားတာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ် ဈေးရောင်းပွဲတော်၌ ပါဝင်ရောင်းချမည့် အစားအသောက်များနှင့် ကုန်ပစ္စည်းများမှာ သင်္ကြန်ရိုးရာ အစားအစာများနှင့် အလွယ်တကူစားသုံးနိုင်သော အစားအသောက်များအပြင် ဒေသထွက် ကုန်ပစ္စည်းများကို အဓိကထားရောင်းချ ပေးသွားမည်ဖြစ်ပြီး စိတ်ပါ ဝင်စားသည့် သူများအနေဖြင့် မည်သူမဆို လာရောက်ရောင်းချနိုင်ကြောင်း သိရသည်။

"ဆိုင်ခန်းတွေကိုတော့ ယာယီဆိုင်ခန်းလေးတွေနဲ့ ထားရှိမှာဖြစ်ပါတယ်။ ဆိုင်ခန်းဈေးနှုန်း တွေကတော့ လာရောက်ရောင်းချတဲ့ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေ အပေါ်မူတည်ပြီး သတ်မှတ်မှာပါ။ ဆိုင်ခန်း တစ်ခန်းကို ၁ဝ ပေ လောက်ကျယ်ပါတယ်။ ပြီးတော့ဥယျာဉ်အတွင်းမှာ ရေကစားမဏ္ဍပ်နဲ့ sound system တွေ ကလေးကစားကွင်းတွေကိုလဲ လောလောဆယ် စီစဉ်ထားပါတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို အတာသင်္ကြန် ကာလဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက် ထားကြောင်း ဆိုင်ခန်းငှားရမ်းလို သူများအနေဖြင့် ဖုန်း ဝ၉-၅ဝ၄၈၂ဝ၁ နှင့်ဝ၉-၇၉၄၂၈၄၈၇၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger