www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 14, 2018

မန္တလေးမြို့ မြေမျက်နှာသွင်ပြင်ကို စစ်တမ်းကောက်ယူနိုင်ရန် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပညာရှင်များဖြင့် လုပ်ဆောင်မည်



မန္တလေး ၁၄-၃-၂ဝ၁၈

မန္တလေးမြို့ ရေဆိုးထွက်ရှိမှုများ အပါအဝင် မြေမျက်နှာသွင်ပြင် အနေအထားကိုပါ သိရှိနိုင်ရေး 3Dဒရုန်းများ၊ ယာဉ်ပျံများဖြင့် စစ်တမ်းကောက်ယူနိုင်ရန် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်(မိတ္ထီလာ)မှ ပညာရှင်များဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက ပြောပြသည်။

ယခုလက်ရှိ မန္တလေးမြို့ လမ်းဘေးတွင်မြောင်းတူး မည်ဆိုပါက မြေမျက်နှာသွင်ပြင် အနေအထား၊ ရေ Level ကိုသေချာစွာ မသိရှိခြင်းကြောင့် မြေနိမ့်သည့် နေရာရှိ ရေမြောင်းများ အတွင်းသို့ရေများ ရောက်ရှိသွားမှုမျိုး ဖြစ်ပေါ်လျက် ရှိကြောင်း၊ ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန် ပထမဦးဆုံးအနေဖြင့် မန္တလေးမြို့ရှိ မြို့နယ်အလိုက် လမ်းများတွင် မြေမျက်နှာသွင်ပြင် အနေအထားများကို ဦးစွာသိရှိနိုင်ရေးအတွက် ဒရုန်းကင်မရာများဖြင့် ၃ီ ဓာတ်ပုံများအပြင် အချက်အလက်များပါ ရရှိနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပညာရှင်များဖြင့် စစ်တမ်းကောက်ယူ သွားရန် စီစဉ်ထားကြောင်း သိရသည်။

"မန္တလေးမြို့မှာရှိတဲ့ လမ်းတွေက အနိမ့်၊ အမြင့်မတူဘူး။ မြင့်တဲ့နေရာက မြင့်ပြီး နိမ့်တဲ့နေရာကျတော့ တော်တော်လေးနိမ့်တဲ့ နေရာတွေရှိတယ်။ ဒါတွေကို သေချာသိရှိရအောင် လမ်းတွေရဲ့အနေအထား၊ အနိမ့်အမြင့်တွေကို အတိအကျသိရှိနိုင်ဖို့ ပညာရှင်တွေ အသုံးပြုပြီး ယာဉ်ပျံတွေနဲ့ စစ်တမ်းကောက်သွားဖို့ စီစဉ်ထားပါတယ်"ဟု ၎င်းကဆက်လက် ပြောပြသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ အနေအထားသည် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့် နေရာများကို သွားရောက်လုပ် ဆောင်လျက်ရှိရာမှ နောက်ပိုင်းတွင် မန္တလေးမြို့ရှိ လမ်းများအနိမ့်၊ အမြင့်ပေါ်မူတည်၍ ရေဆိုးထွက်ရှိမှုများ အပါအဝင် ရေကြီးရေလျှံမှုများကိုပါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပညာရှင်များဖြင့် မန္တလေးတစ်မြို့လုံးရှိ လမ်းများကို ဒရုန်းများဖြင့် ရိုက်ကူးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger