www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 14, 2018

ကလေး မြို့နယ်တွင် မီးစက်ထဲဓာတ်ဆီ ထည့်ရာ ပွတ်တိုက်မိ၍ မီးလောင်



ကလေး ၁၄-၃-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် နန်းဗဟိုရ် ကျေးရွာတွင် ဟွန်ဒါမီးစက်ထဲသို့ ဓာတ်ဆီထည့်ရာမှ ပွတ်တိုက်မိ၍ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ နန်းဗဟိုရ်ကျေးရွာနေ ဒေါ်စီစီလွင် (ဘ) ဦးကျော်သိန်း၏ နေအိမ်တွင် မတ် ၁၂ ရက်ညနေ ၄နာရီ မိနစ်၂ဝက မီးလောင်မှု ဖြစ်ပွားကြောင်း ကလေးခရိုင် မီးသတ်စခန်းသို့ ညနေ ၄နာရီမိနစ် ၃ဝက သတင်းပေးခဲ့သည်။

ထိုသို့ သတင်းပေးမှုကြောင့် ကလေးခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်စခန်းမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်စန်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၉ ဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဝေလွင်ဖြိုး၊ကော်မတီအဖွဲ့ဝင် ဦးသန်းနွယ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်လှိုင်ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးပေ(၃ဝ×၃ဝ) မြေစိုက် လူနေအိမ်တစ်လုံးနှင့် ဟွန်ဒါမီးစက်တစ်လုံးတို့ ဆုံးရှုံးသွားကြောင်း၊ ၎င်းမီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်စီစီလွင်ကို ကလေးမြို့မရဲစခန်းက (ပ)၂၅ဝ/၂ဝ၁၈၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်းသတင်း ရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger