www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 22, 2018

မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၍ မော်တော်ယာဉ်မောင်းနှင်သူနှင့် ဆိုင်ကယ်မောင်းနှင်သူတို့ သေဆုံးမှုဖြစ်ပွား



မိတ္ထီလာ ၂၂-၂-၂ဝ၁၈

မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာ အုပ်စုဥယျာဉ် ကျေးရွာအနီးမိုင်တိုင် အမှတ် (၆/၃) နှင့် (၆/၄ )အကြားမိတ္ထီလာ-တောင်ကြီး ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ မော်တော်ယာဉ် မောင်းနှင်သူနှင့်
ဆိုင်ကယ်မောင်းနှင် သူတို့သေဆုံးမှု ယနေ့ ညနေ ၄ နာရီမိနစ် ၃ဝခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် လှမျိုးသူသည် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တပ်ဖွဲ့ဝင်များ၊ အသိသက်သေ များနှင့်အတူ ၎င်းယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ မိတ္ထီလာဘက်မှ သာစည်ဘက်သို့  ဒေါက်တာ အာကာသက်ပိုင် (ဘ) ဦးသက်မြင့်ယင်းမာပင် တိုက်နယ်ဆေးရုံ၊ သာစည်မြို့နယ်နေထိုင်သူ မောင်းနှင်လာသောYGN-3F/------ ရိုင်ရယ်ကရောင်း အမျိုးအစား မော်တော်ယာဉ် သည်ရှေ့မှ လားရာတူလမ်းအတိုင်း မအေးချမ်းဖြိုး (ဘ) ဦးမြင့်ဦးချမ်းသာကြီး ကျေးရွာ၊ သာစည်မြို့နယ် နေထိုင်သူ မောင်းနှင်နေသော ၃၆ယ/------ ဟွန်ဒါ အမျိုးအစား ဆိုင်ကယ်ကို ဝင်တိုက်ပြီး နောက် လမ်းဘေးယာဘက်ပိုင်းတွင် ရပ်ထားသည့် ၉ဌ/------ ထော်လာဂျီယာဉ်၏ ဝဲဘက်ဘီး နှင့် အနီးရှိကုက္ကိုပင်တို့ကို ထပ်မံဝင်ရောက် တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ် မောင်းနှင်သူ ဒေါက်တာ အာကာသက်ပိုင်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူ မအေးချမ်းဖြိုးတို့မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ရရှိဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်ကိုမဆင်မခြင်မောင်း နှင်ခဲ့သူ ဒေါက်တာအာကာသက်ပိုင်အား ယာဉ်(ပ) ၁ဝ/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကဖြင့် အမှတ်(၂) နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger