www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 22, 2018

ရေမြောင်းစနစ်နှင့် အများပြည်သူ သက်ဆိုင်သည့် အဆောက်အအုံများကို အဆင့်မြှင့်တင်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်မည်



ရန်ကုန် ၂၂-၂-၂ဝ၁၈

ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်နှင့် အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို အဆင့်မြှင့်တင်၍ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု စီမံကိန်းမိတ်ဆက်ပွဲမှ သိရသည်။

အဆိုပါ စီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့ဦးဆောင်၍ ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်မှချေးငွေ အမေရိကန်ဒေါ်လာ ၁၁၆ သန်းနှင့် ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ အလှူရှင်များစွာ ပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံရန်ပုံငွေ (SEADRIF) အတွက် ပံ့ပိုးကူညီငွေ အမေရိကန်ဒေါ်လာ တစ်သန်းစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၇ သန်းဖြင့် ရန်ကုန်မြို့၏ သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို အဆင့်မြှင့်တင်မည် ဖြစ်သည်။

စီမံကိန်း Process များအနေဖြင့် ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက်နိုင်သည့် စီမံကိန်းတစ်ခု ဖြစ်သောကြောင့် ယင်းစီမံကိန်း ငွေကြေးကို ပြည်ပမှ ချေးယူရမည် ဖြစ်၍ ပြည်ထောင်စုလွှတ်တော်၌ တင်ပြကာ အတည်ပြုချက် ယူရမည် ဖြစ်သည်။

ယင်းစီမံကိန်းကို ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ဘဏ် ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး ရန်ကုန်မြို့ ရေမြောင်းစနစ်နှင့် အရေးပါသော အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရန် စာချုပ်များချုပ်ဆို ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger