www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 22, 2018

ကျောက်တံခါးမြို့နယ် ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၁၉/၁) နှင့် (၁၁၉/၂) ကြား ယာဉ်တိုက်မှုဖြစ်ပွား



ကျောက်တံခါး ၂၂-၂-၂ဝ၁၈

ကျောက်တံခါးမြို့နယ် ရင်းတိုက် ကုန်းကျေးရွာအုပ်စု ကျွန်းကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၁၉/၁) နှင့် (၁၁၉/၂) ကြားတွင် ယနေ့နံနက်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စောသိန်းညွန့်ဦး (ဘ) ဦးစောညွန့်မောင်း မောင်းနှင်လာသောYGN- 9N/----- နံပါတ်ပါ FUSOTRUCK အမျိုးအစား အဖြူရောင် ၁၂ဘီးယာဉ်နှင့် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းကျော်စိုးမိုး (ဘ) ဦးစောဘတင်မောင်းနှင် လာသော ၉ဌ/------ နံပါတ်ပါ SUZUKI အမျိုးအစား အပြာရောင် ခြောက်ဘီးယာဉ်တို့သည် လမ်းတိုးချဲ့ပြုပြင် နေရာတွင် ယနေ့နံနက် ၇ နာရီခန့်က မျက်နှာချင်းဆိုင် တိုက်မိပြီး ယာဉ်မောင်းများမှာ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ FUSO ယာဉ်မှာ ဆီတိုင်ကီပေါက်၊ နောက်ဘီးတာယာကွဲ၊ နောက်လေးကျိုးသွားပြီး SUZUKI ယာဉ်မှာရှေ့ခေါင်းဝဲဘက်ခြမ်း ကြေမွပြီး ရှေ့ဘီးပေါက်သွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စောသိန်းညွန့်ဦးနှင့် ကျော်စိုးမိုးတို့ နှစ်ဦးကို ကျောက်တံခါးမြို့မ ရဲစခန်းက ယာဉ် (ပ) ၈/၂ဝ၁၈၊ပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger