www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 19, 2018

မြင်းခြံမြို့နယ် အမှတ် (၆) ရပ်ကွက် ဆိပ်ကမ်းလမ်းတွင် မီးပူဇော်သော လျှပ်စစ်ဝိုင်ယာကြိုး ရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွား



မြင်းခြံ ၁၉-၂-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် အမှတ် (၆) ရပ်ကွက် ဆိပ်ကမ်းလမ်းတွင် ဖေဖော်ဝါရီ ၁၇ရက်ည ၆ နာရီ ၂ မိနစ်က ဘုရားမီးပူဇော်သော လျှပ်စစ်ဝိုင်ယာကြိုးမှ အပူလွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် ၁ဝ စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ပုဂ္ဂလိက ရေသယ်ယာဉ် သုံးစီးတို့ဖြင့် ပြည်သူလူထုတို့ ပူးပေါင်းဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၆ နာရီမိနစ်၂ဝတွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ပေ (၄ဝ×၃ဝ) သွပ်မိုး၊ထရံကာ မြေစိုက်အိမ်တစ်လုံးနှင့် ပေ(၄ဝ×၃ဝ) သွပ်မိုး၊အုတ်ကာ၊ အုတ်ခင်းတစ်ခြမ်းတို့ မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရ စ္ဆာန်များ ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ လာရောက်ကြီးကြပ် ကြကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်မာမာအေးကို မြင်းခြံမြို့မ ရဲစခန်းက (ပ)၂၃ဝ/၂ဝ၁၈၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger