ရန်ကုန် ၁၁-၁-၂ဝ၁၈
မြန်မာအမျိုးသား လေကြောင်းလိုင်းတွင် လေယာဉ်မောင်မယ် လျှောက်ထားရာတွင် ခန္ဓာကိုယ်ရောဂါ၊ စိတ်ရောဂါများနှင့် ပတ်သက်၍ စစ်ဆေးခံရမည်ဖြစ်ပြီး မြင်သာသော နေရာများတွင် တက်တူးရှိနေပါက လျှောက်ထား၍ မရနိုင်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ သတင်းအချက်အလက် များအရ သိရသည်။
မြန်မာ အမျိုးသားလေကြောင်းလိုင်းတွင် လေယာဉ်မောင်မယ်များအဖြစ် တာဝန်ထမ်းဆောင်လိုသူများအား လျှောက်လွှာခေါ်ယူခဲ့ရာ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီရန် လိုအပ်မှုများ အနည်းငယ်ရှိနေရုံဖြင့် လျှောက်ထား၍ မရနိုင်ကြောင်း၊ ထို့ပြင် လေယာဉ်မောင်မယ် ရာထူးနေရာများအတွက်အသက် ၁၈နှစ်ပြည့်ရန် လပိုင်းလိုနေသူများ၊ အသက် ၂၄နှစ်ကို လပိုင်းကျော်လွန်နေသူများ၊ အမျိုးသမီးအရပ် ငါးပေလေးလက်မ၊
အမျိုးသားအရပ် ငါးပေခြောက်လက်မ မပြည့်မီသူများ၊ နေ့ကျောင်းတက်နေသူများ၊ ပုံမှန်သင်တန်းများ တက်ရောက်နေသူများ၊ ရေမကူးတတ်သူများ၊ မျက်မှန် တပ်ဆင်သူများ၊ မျက်ကပ်မှန်တပ်ဆင် ရသူများ လျှောက်ထား၍ မရနိုင်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် လေယာဉ်မောင်မယ်များ ခေါ်ယူလျက်ရှိရာ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများသည် လျှောက်လွှာများကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၁၃ရက်ညနေ ၄ နာရီမိနစ် ၃ဝ တွင် နောက်ဆုံးထား၍ မြန်မာအမျိုးသားလေကြောင်း ရုံးချုပ်အမှတ် (၁ဝ၄) ကမ်းနားလမ်း၊ ကျောက်တံတား မြို့နယ်ရန်ကုန်မြို့၌ လူကိုယ်တိုင်လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများ အနေဖြင့် မြန်မာအမျိုး သားလေကြောင်း ရုံးစိုက်ရာ နယ်ရုံးခွဲများတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ဖုန်း ဝ၁-၃၇၉၄၇၁သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
#Yadanarpondaily
No comments:
Post a Comment