www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 11, 2018

ကသာမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ရေစီးနှင့် မျောပါသေဆုံးနေသော ဧရာဝတီလင်းပိုင် အထီးတစ်ကောင်ကို အောင်ချမ်းသာ ကျေးရွာအနီးတွေ့ရှိ



ကသာ ၁၁-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အောင်ချမ်းသာ ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်အတွင်း ရေစီးနှင့် မျောပါသေဆုံးနေသော ဧရာဝတီလင်းပိုင် အထီးတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလင်းပိုင်မှာ အရှည်ခုနစ်ပေ၊ လုံးပတ် လေးပေ လေးလက်မ၊ အမြီးရေယက် နှစ်ပေ တစ်လက်မ၊ ရှေ့ရေယက်တစ်ပေ လေးလက်မ၊ ကျော သုံးလက်မရှိပြီး ငယ်ထိပ်နားရှိနေရာတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် သက်ကြီးလင်းပိုင် ဖြစ်ကြောင်း သိရသည်။

"ကျေးရွာအနီးမှာရှိတဲ့ မော်တော်ကနေ ရေအရင်းမြစ်ဌာနကိုအကြောင်း ကြားပါတယ်။ အဲဒီကနေ ငါးလုပ်ငန်းဦးစီးဌာနကို ၁ဝနာရီကျော်မှာ သတင်းရောက်တယ်။ သတင်းရတာနဲ့ တာဝန်ရှိသူတွေ ချက်ချင်း ကျေးရွာကို သွားရောက်ခဲ့ပါတယ်။ လင်းပိုင်ကို သေချာစစ်ဆေး ကြည့်ရှုမှတ်တမ်းယူပြီး သဖန်းကိုင်းကျေးရွာ အနီးက သောင်ပြင်မှာ မြှုပ်နှံခဲ့ပါတယ်" ဟု ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာန အငယ်တန်းစာရေး ဦးကျော်ဝင်းဆွေက ပြောပြသည်။

သေဆုံးနေသည့် လင်းပိုင်ကို ကသာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကိုလတ်၊ အငယ်တန်းစာရေး ဦးကျော်ဝင်းဆွေ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းမြင့်၊ အလုပ်အမှုဆောင် ဦးမောင်မြင့်နှင့် ဦးထွန်းဝေတို့က လိုအပ်သည်များကို တိုင်းတာစစ်ဆေး၍ မှတ်တမ်းယူခဲ့ကြကြောင်း သိရသည်။

"အောင်ချမ်းသာကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ လင်းပိုင်တွေအမြဲကျက်စား တတ်ပါတယ်။ နှစ်ကောင်၊သုံးကောင်လောက် သဲသောင်ပြင်စပ်နားမှာ နားနေတာမျိုး တွေတွေ့ဖူးပါတယ်" ဟု အောင်ချမ်းသာ ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးမျိုးဇော်ထွန်းက ပြောပြသည်။

ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း ကျောက်ပုံရွာ အနီးအလျားခုနစ်ပေ ခြောက်လက်မ၊ လုံးပတ် လေးပေ ရှစ်လက်မရှိ လင်းပိုင်အမတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger