www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

ပုဂ္ဂလိကလုံခြုံရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၂၆-၁၂-၂၀၁၇

မြန်မာနိုင်ငံ၌ ပုဂ္ဂလိကလုံခြုံရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက် မရှိသေးသည့်အတွက် ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းကို ပြီးခဲ့သည့် တစ်နှစ်ခန့်က အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၂ဝ ကျော်ဖြင့် ပြည်တွင်း၌ စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါအသင်းကို ပြည်တွင်း၌ ပုဂ္ဂလိကလုံခြုံရေး လုပ်ငန်းများ စနစ်တကျတိုးတက် ထွန်းကားလာစေရန်၊ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထို့ပြင် ဥပဒေကြမ်းရေးဆွဲ တင်ပြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကာ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ အသင်းသက်တမ်း တစ်နှစ်အတွင်း ယင်းဥပဒေ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံတကာပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းအသင်းများ၊ Interpol ကဲ့သို့သောနိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့သည်။ ထို့ပြင် အသင်းအဖွဲ့ဝင်လုပ်ငန်းများမှ စီစဉ်ပေးသော လုံခြုံရေးဝန်ထမ်းများကြောင့် ကုမ္ပဏီလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၌ အမှုအခင်းများ ဖြစ်ပွားခြင်း၊ ဝန်ထမ်းများ စည်းကမ်းပျက်ခြင်းနှင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းတို့ကို ကြိုတင်ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လူ့စွမ်းအားကို အခြေခံသောလုံခြုံရေး လုပ်ငန်း၊ နည်းပညာကို အခြေခံသော လုံခြုံရေးလုပ်ငန်း၊ လုံခြုံရေး နည်းပညာများ ဝန်ဆောင်မှု ပေးသောလုပ်ငန်းနှင့် မီးဘေးအန္တရာယ် လုံခြုံရေးလုပ်ငန်းစသည့် လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းအမျိုး အစားလေးမျိုး လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger