www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

ငါးဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ငါးမုန့်လုပ်ငန်းများ တွက်ခြေမကိုက်ဖြစ်လာ



စစ်တွေ ၂၆-၁၂-၂၀၁၇

ပြည်သူများ ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသည့်ငါးမုန့်မှာ ငါးဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လုပ်သားအင်အား ရှားပါးလာခြင်းတို့ကြောင့် တွက်ခြေမကိုက် ဖြစ်နေကြောင်း စစ်တွေမြို့ငါးမုန့်လုပ်ငန်းရှင် ကိုစောထွန်းထံမှ သိရသည်။

စစ်တွေမြို့၌ ငါးမုန့်အဓိက ဖြန့်ဖြူးသည့် ဒိုင် ၁ဝ ခုကျော်မှ မြန်မာနိုင်ငံ အနှံ့အပြားသို့ ငါးမုန့်တင်ပို့ရောင်းချ လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ အများအပြား တင်ပို့ရောင်းချကြောင်း သိရသည်။''အရင်က ငါးမုန့်ထုတ်လုပ်ဖို့ ငွေကျပ်ငါးသိန်း ကျော်လောက်ပဲ ရင်းရတယ်။ အခုချိန်မှာ ငွေကျပ် ၁ဝ သိန်းလောက်ရင်းမှပဲ ငါးမုန့်ထုတ်ဖို့ လုံလောက်တယ်။ ငါးမုန့်ကို လူကြိုက်များပြီး ဈေးကွက်ရှိပေမယ့် ငါးအရနည်းတာကြောင့် တွက်ခြေမကိုက်ဘူး။ ငါးဈေးနှုန်းတွေကလည်း မြင့်တက်နေသလို အလုပ်သမားတွေကလည်း တဖြည်းဖြည်းရှားပါး လာတဲ့အတွက် နောက်ပိုင်း ငါးမုန့်လုပ်တဲ့လုပ်ငန်းတွေက တဖြည်းဖြည်းပျောက်ကွယ် သွားနိုင်တယ်'' ဟု ငါးမုန့်လုပ်ငန်းလုပ်ကိုင်သူ ကိုစောထွန်းက ပြောသည်။

ထို့ပြင် ငါးမုန့်လုပ်ငန်းများ၌ လုပ်ကိုင်သည့် ကျွမ်းကျင်လုပ်သားများလည်း ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသဖြင့် လုပ်သားရှားပါးမှုနှင့် တွေ့ကြုံနေရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger