www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

မလှိုင်မြို့နယ်တောင်သူများ ပဲစင်းငုံပေါ်ချိန် ဈေးကောင်းမရ၍ အရှုံးပေါ်



မလှိုင် ၂၆-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ပဲစင်းငုံသီးနှံပေါ်ချိန် ဈေးကောင်းမရသဖြင့် တောင်သူများ အရှုံးပေါ်နေကြောင်း မလှိုင်မြို့နယ် အတွင်းရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

ပဲစင်းငုံသီးနှံသည် နှစ်စဉ်ဈေးကောင်းရရှိသဖြင့် စီးပွားရေးအရ လည်းကောင်း၊ နွားစာအတွက်လည်းကောင်း တောင်သူတိုင်းနှစ်စဉ် မပါမဖြစ် စိုက်ပျိုးသည့်သီးနှံဖြစ်သည်။ယခုနှစ် ပဲစင်းငုံသီးနှံပေါ်ချိန်တွင် ပဲဈေးမှာတစ်တင်းလျှင် ငွေကျပ် ၁၁ဝဝဝ၊ ၁၂ဝဝဝ သာ ရောင်းရသဖြင့် တောင်သူများတွက်ခြေ မကိုက်ဘဲ အရှုံးပေါ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ တောင်သူ လုပ်လာတဲ့သက်တမ်း တစ်လျှောက် ပဲစင်းငုံဈေး ဒီနှစ်အဆိုးဆုံးပါပဲ။ ခါတိုင်းနှစ် ဈေးမကောင်းဘူးဆိုရင်တောင် သီးနှံစပေါ်ချိန် တစ်တင်းကို ငွေကျပ် နှစ်သောင်း၊ နှစ်သောင်းငါးထောင်ကျော် ရောင်း ရပါတယ်။နောက်ပိုင်းဆို ပိုပြီးဈေးကောင်းတတ်ပါတယ်။တောင်သူတွေ ဒီနှစ်အတော်နစ်နာပြီး အရှုံးပေါ်ပါတယ်။ သီးနှံဈေးကောင်းမရတဲ့အပြင် အလုပ်သမားခ အပါအဝင် တခြားသွင်းအားစုတွေက ဈေးမကျတော့ ပိုဆိုးတာပေါ့" ဟု ဒေသခံတောင်သူကြီး ဦးငွေစန်းက ပြောပြသည်။

စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ မလှိုင်မြို့နယ်၌ သီးနှံမျိုးစုံ စိုက်ပျိုးပြီး ပဲစင်းငုံသီးနှံကို မိုးဦးကာလ မေလဆန်းပိုင်းမှစတင် စိုက်ပျိုးပြီး နှမ်း၊ မြေပဲ၊ဝါ၊ ပဲတီစိမ်း၊ ပဲနောက်စသည့် သီးနှံများနှင့်ရောနှာ၍ သီးညှပ်အနေဖြင့် လည်းကောင်း၊ ပဲစင်းငုံသီးသန့် စိုက်ခင်းအနေဖြင့် လည်းကောင်းစိုက်ပျိုးကြပြီး နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် ခုတ်သိမ်းကြရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger