www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

မြန်မာနိုင်ငံမှ နနွင်းများကို ဖောက်သည်ဈေးကွက် နိုင်ငံများသို့ နနွင်းတန်ချိန် ၁၁၅၅၂ ဒသမ ၂၉၉ တန် တင်ပို့ရောင်းချ ပေးခဲ့



နေပြည်တော် ၂၆-၁၂-၂၀၁၇

ယခုဘဏ္ဍာနှစ် ဧပြီ၁ရက်မှ အောက်တိုဘာ၂၇ရက်ထိ မြန်မာနိုင်ငံမှနနွင်းများကို ဖောက်သည် ဈေးကွက် နိုင်ငံ ၁၃ နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၁၂ သန်း တန်ဖိုးရှိ နနွင်းတန်ချိန် ၁၁၅၅၂ ဒသမ ၂၉၉ တန်တင်ပို့ရောင်းချ ပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါမြန်မာ့ နနွင်းဖောက်သည် ဈေးကွက်နိုင်ငံများမှာ တရုတ်၊အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊မလေးရှား၊ UAE၊ ထိုင်း၊ အီရန်၊ ဘူလ်ဂေးရီးယား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ယီမင်နှင့် ကိုရီးယား နိုင်ငံတို့ဖြစ်သည်။ အဆိုပါနိုင်ငံများသို့ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာလ၂၇ ရက်ထိ မြန်မာနိုင်ငံမှ နနွင်းတင်ပို့ ရောင်းချရာတွင် တရုတ်နိုင်ငံသို့ ၆၃၉၉ တန်၊ အိန္ဒိယနိုင်ငံသို့ ၁၄၉၉ တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၇၃၈တန်၊ စင်ကာပူနိုင်ငံသို့ ၆၉၄ တန်၊ မလေးရှားနိုင်ငံသို့ ၃၃၅ တန်၊ UAE နိုင်ငံသို့တန် ၃၁ဝ၊ ထိုင်းနိုင်ငံသို့ ၂၄၉ တန်၊ အီရန်နိုင်ငံသို့ ၁၃၅ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ၅၆ တန်၊ အင်ဒိုနီးရှားနိုင်ငံသို့ ၄၅ တန်၊ သီရိလင်္ကာနိုင်ငံသို့ ၃၄ တန်၊ယီမင်နိုင်ငံသို့ ၁၆ တန်နှင့်ကိုရီးယား နိုင်ငံသို့၁၃တန် တင်ပို့ရောင်းချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နနွင်းသည် မြန်မာနိုင်ငံတွင် တောင်ပေါ်ဒေသနှင့်မြေပြန့် ဒေသများတွင်စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသတွင် မိုးဦးကျစိုက်ပျိုးပြီး မြေပြန့်ဒေသတွင် နွေကာလဆည် ရေရရှိချိန်တွင် စိုက်ပျိုးကြကြောင်း၊ နှစ်စဉ်နနွင်းစိုက်ဧက ၁၂ဝဝဝ ခန့်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှ ပိဿာ ၁၁ဝဝ ခန့် ထွက်ရှိရာ စုစုပေါင်းပိဿာချိန် ၁၃၂ဝဝဝဝဝခန့်၊ (တန်ချိန် ၂ဝဝဝဝ ခန့်) ထွက်ရှိသည်။ ပြည်တွင်းတွင်အသုံးပြုမှုရှိနေသော်လည်း တန်ချိန်၁၆ဝဝဝ ခန့် ပိုလျှံမှု ရှိနေကြောင်း၊ ထို့ကြောင့်ပိုလျှံသည့် နနွင်းများကို ပြည်ပသို့တင်ပို့ ရောင်းချပေးလျက်ရှိရာ နှစ်စဉ်တင်ပို့ ရောင်းချပေးနေရပြီး ပိုမိုတိုးတက်တင်ပို့နိုင်သည့် အလားအလာကောင်းများ ရှိနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger