www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

စိုက်ပျိုးမြေအဖြစ်အသုံးချမှုနှင့် ဘိလပ်အုတ်များ တွင်ကျယ်လာမှုကြောင့် ရေစကြိုမြို့နယ်၌ မြေအုတ်လုပ်ကိုင်သူလျော့ နည်းလာ



ရေစကြို ၂၆-၁၂-၂၀၁၇

ရေစကြိုမြို့နယ်အတွင်းရှိ မြေအုတ်လုပ်ကိုင် ကြသူများသည် ယခုနှစ်တွင် မြို့နယ်အတွင်းရှိ မြေနေရာများကို စိုက်ပျိုးရေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာခြင်း၊ ဘိလပ်အုတ်များကို တွင်ကျယ်စွာအသုံးပြု လာခြင်းတို့ကြောင့် မြေအုတ်လုပ်ကိုင်သူများ လျော့နည်းလာကြောင်း ရေစကြိုမြို့နယ် မြေအုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခုအခါ မြေအုတ်ထုတ်လုပ်သည့် ရာသီရောက်နေပြီ ဖြစ်သောကြောင့် ရေစကြိုမြို့နယ်အတွင်း မြေအုတ်ရိုက်လုပ်သည့် အလုပ်သမားများမှာ နိုဝင်ဘာလကုန်ပိုင်းမှစ၍ မြေအုတ်ရိုက်လုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင် လျက်ရှိသည်။

ယခုနောက်ပိုင်းတွင် ဘိလပ်အုတ်များကိုသာ အသုံးပြုသူများလာခြင်း၊ ဖရဲ၊ သခွား၊ ပြောင်း၊ နှမ်းစသော သီးနှံများတိုးချဲ့စိုက်ပျိုး ရန်စိုက်ပျိုးမြေအဖြစ် အသုံးချမှုများလာခြင်းတို့ကြောင့် မြေအုတ်လုပ်ကိုင်သူများမှာ လျော့နည်းလာရကြောင်း သိရသည်။

"အရင်နှစ်တွေက မြေအုတ်လုပ်ငန်းနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တစ်ယောက်ကို လူဦးရေ ၇ဝ လောက် အလုပ်အကိုင် အခွင့်အလမ်းပေးသလို ကိုယ့်မြို့နယ်အတွင်းက ဝယ်လက်သာမကချောင်းဦး၊ ပုလဲ၊ မြိုင်နယ်တွေကပါလာရောက်ဝယ်ကြတယ်။ ဒီနှစ် မြေအုတ်ရာသီမှာတော့ ဒေသခံတွေက စိုက်ပျိုးမြေအသုံးချမှုနဲ့ ဘိလပ်အုတ် အသုံးများမှုတွေကြောင့် လုပ်ကွက်နေရာတွေလဲ ကျဉ်းမြောင်းလာသလို အလုပ်သမားရှားပါးမှုလဲ ကြုံနေရပါတယ်" ဟု မအူကျေးရွာမှ မြေအုတ်ထုတ်လုပ် ရောင်းချသူ တစ်ဦးက ပြောပြသည်။

ရေစကြိုမြို့နယ် မြေအုတ်ထုတ်လုပ်သူများမှာ များသောအားဖြင့် မြစ်ရေဝင်ပိုင်းနှင့် မိုးရေဝပ်ပိုင်း ဒေသများတွင် လုပ်ကိုင်သူများပြား လျက်ရှိပြီး ဒေသရာသီဥတုအရ မြေအုတ်ထုတ်လုပ်သည့် ရာသီမှာ အောက်တိုဘာလ ကုန်ပိုင်းမှဧပြီလ ကုန်ပိုင်းထိသာ ပြုလုပ်ရကြောင်း၊ လုပ်ကွက်နေရာများ ကျဉ်းမြောင်းလာပြီး မြေအုတ်လုပ်သားများ ရှားပါးလာကြောင်း၊ ယခုအခါ မြေအုတ်များ ရောင်းအားကျဆင်းလာသဖြင့် လုပ်ကိုင်သူများလည်းလျော့နည်းလာကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger