www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 18, 2017

ကမ္ဘာလုံးဆိုင်ရာ ညီလာခံ၌ မြန်မာ့အိမ်ရာနှင့် ဆောက်လုပ်ရေးကဏ္ဍကို ဆွေးနွေးမည်



ရန်ကုန် ၁၈-၉-၂၀၁၇

မြန်မာ့အိမ်ရာနှင့် ဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာညီလာခံ၌ ဝင်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''ကျွန်တော်တို့အနေနဲ့ International Housing Association မှာ ဝင်ရောက်ခဲ့တာ မကြာသေးပါဘူး။ အခုလိုဝင်ရောက်ပြီး ပြီဆိုတော့ ခြောက်လပတ်ညီလာခံမှာ ပထမအကြိမ် သွားရောက် ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ့အိမ်ရာနဲ့ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

ယင်းညီလာခံကို နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်ပြီး ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင်ခုနစ်ဦး တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါညီလာခံတွင် အိမ်ရာနှင့် ဆောက်လုပ်ရေးကဏ္ဍနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများ၊ စိန်ခေါ်ချက်များ၊ မြန်မာ့အိမ်ရာနှင့် ဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာမှ ဆောင်ရွက်နေမှုနှင့် အကြံဥာဏ်များ ကို ညှိနှိုင်းဆွေးနွေးမည် ဖြစ်သည်။

လက်ရှိတွင် ပြည်သူများ နေထိုင်မှုအဆင် ပြေစေရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာများ ဖော်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger