www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 11, 2018

မန္တလေးမြို့ စည်ပင်နယ်နိမိတ် မြို့နယ်များအတွင်း စည်းကမ်းမဲ့ ရပ်ထားသောတွဲကားများကို ယခုလတတိယ ပတ်မှစ၍ အရေးယူမည်



မန္တလေး ၁၁-၉-၂ဝ၁၈

မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် မြို့နယ်များအတွင်း စည်းကမ်းမဲ့ ရပ်နားထားသော တွဲကားများကို ယခုလတတိယ ပတ်မှစ၍ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ် ခြောက်မြို့နယ်ဖြစ်သည့် ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ အောင်မြေသာစ၊ံ မဟာအောင်မြေနှင့် အမရပူရမြို့နယ် တို့တွင်း၌ ရက်ပေါင်းအတော်ကြာ ခေါင်းဖြုတ်ထားသည့် တွဲကားများအပြင် တွဲကားအမျိုးမျိုးကို စက်တင်ဘာလ တတိယပတ်မှစ၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန၊ စည်ပင်သာယာ ရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးကာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ခြောက်မြို့နယ်အတွင်းမှာ ဆယ့်နှစ်ဘီးစတဲ့ တွဲကား အရှည်ကြီးတွေပါတဲ့ ကားကြီးတွေက လမ်းမတွေပေါ် ရပ်ချင်တဲ့နေရာ ရပ်ထားကြတယ်။ ဒီကားကြီးတွေက တစ်ရက်လဲမဟုတ်၊ နှစ်ရက်လဲမဟုတ် လနဲ့ချြီပီး ရပ်နားကြတယ်။ တချို့တွဲ ကားကြီးတွေဆို ခေါင်းကတခြား၊ တွဲကတခြားနဲ့ စည်းကမ်းမဲ့ ရပ်ထားတယ်။ ဒါတွေက ညပိုင်းအချိန်တွေဆို လမ်းသွားလမ်းလာတွေကို အန္တရာယ်ဖြစ် စေနိုင်တယ်။ မနက်ပိုင်းမှာဆိုရင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် စည်းကမ်းမဲ့ တွဲကားတွေကို အရေးယူမှုအပိုင်းတွေ စလုပ်တော့မှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့ ခြောက်မြို့နယ်အတွင်း ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် စည်းကမ်းမဲ့ရပ်နား ထားသောတွဲကားများ တွေ့ရှိပါက ဒဏ်ကြေးငွေကျပ် ငါးသောင်းဒဏ်ရိုက် အရေးယူသွားမည် ဖြစ်ပြီး ပိုင်ရှင်မဲ့ဖြစ်ပါက ထိုတွဲကားများကို ကရိန်းနှင့် မန္တလေးမြို့တော် စည်ပင်ပိုင် ကစားကွင်းအတွင်း သယ်ယူသွားမည်ဖြစ်ရာ ကရိန်းဖြင့် ဆွဲတင်မည်ဆိုပါက ကရိန်းငှားရမ်းခ အပါအဝင် ဒဏ်ကြေးငွေအဖြစ် ငွေကျပ်တစ်သိန်း ငါးသောင်း ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။

အလားတူကရိန်းဖြင့် ဆွဲသွားသည့် တွဲကားများကို လာရောက်ဒဏ်ငွေ ဆောင်ကာရွေးယူခြင်း မရှိပါက တစ်ရက်လွန်လျှင် ဒဏ်ကြေးငွေအဖြစ် ငွေကျပ်တစ်သောင်း ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်း၊ ၎င်းစည်းကမ်းမဲ့ ခေါင်းမပါသည့် တွဲများအပြင် အခြားတွဲကား အမျိုးမျိုးမှာ ပြည်ကြီးတံခွန်မြို့နယ် ဘက်တွင် စည်းကမ်းမဲ့ ရပ်နားထားမှုအများ ဆုံးဖြစ်ပြီး ၎င်းမြို့နယ် အပါအဝင်ကျန် ငါးမြို့နယ်အတွင်းရှိ တွဲကားများကိုပါ အမြန်ဆုံး အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger