မန္တလေး ၁၈-၉-၂၀၁၇
အနည်းဆုံး အခကြေးငွေကျပ် ၆ဝဝဝ ထိ တိုးမြှင့်သတ်မှတ်ပေးရေး အပါအဝင် အချက်ခြောက်ချက် တောင်းဆို၍ မန္တလေးမြို့တွင် အလုပ်သမားဦးရေ ၁ဝဝဝခန့်တို့က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ထံမှသိရသည်။
ယနေ့ နံနက် ၈ နာရီခန့်က စတင်၍ မန္တလေး ပြည်ကြီးတံခွန် မြို့နယ် မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ် ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်ရုံးရှေ့မှနေ၍ မနော်ရမ္မံကွင်းထိ အလုပ်သမားဦးရေ၁ဝဝဝခန့်တို့သည် လမ်းလျှောက်ချီ တက်ကာ အနည်းဆုံး အခကြေးငွေ တိုးမြှင့်သတ်မှတ်ပေးရေး အပါအဝင် အချက်ခြောက်ချက်ကို တောင်းဆို၍ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း မန္တလေးတိုင်း ဒေသကြီး စက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးတင်ရှိန်စိုးက ပြောပြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အလုပ်သမားများအနေဖြင့် အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးတိုးမြှင့် ပြင်ဆင်သတ်မှတ်ရေး၊ILO ပြဋ္ဌာန်းချက်အမှတ် (၉၈) ကို အစိုးရက လက်မှတ်ရေးထိုးရေး၊ ဝန်ကြီးဌာနက လက်သိပ်ထိုးရွေးချယ် ထားသော ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စား လှယ်များကို ကန့်ကွက်ကြောင်း၊ အလုပ်သမား အငြင်းပွားမှုဥပဒေတွင် ထောင်ဒဏ် ထည့်သွင်းသတ်မှတ်ရေး၊ အလုပ်သမား တရားရုံးများအမြန်ဆုံး ပေါ်ပေါက်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဥပဒေ အမြန်ဆုံးပြဋ္ဌာန်းပေးရေး စသည့်တို့ကို တောင်းဆိုခဲ့ ကြကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment