www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 18, 2017

သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီး



သာစည် ၁၈-၉-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် စက်တင်ဘာ ၁၆ရက် မွန်းလွဲ ၂နာရီမိနစ် ၅ဝ က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာရပ်ကွက် အချို့တို့တွင် သစ်ပင်များပြိုလဲ၍ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စက်တင်ဘာ ၁၆ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန်ကျီးကန်ကျေးရွာရှိ ဦးအောင်သောင်း၏ သုံးပင်ပတ်လည် ခြေတံရှည်နေအိမ် အရှေ့ဘက်အခြမ်းအဖီနှင့် အိမ်မကြီးပေါ်သို့ မန်ကျည်းပင် ကိုင်းကျိုးကျခဲ့သဖြင့် တန်ဖိုးငွေကျပ် ၁ဝ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဦးမောင်ဌေး၏ သုံးပင်ပတ်လည် နေအိမ်မိုးသွပ်များ ပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ရှစ်သောင်းဆုံးရှုံး ခဲ့ရပြီးအမှတ် (၄) မြို့မရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး ၏တောင်ဘက် အုတ်တံတိုင်းနှစ်ခန်းတွဲပေါ်သို့ သစ်ကိုင်းကျိုး ကျရောက်သဖြင့် တန်ဖိုးငွေကျပ် သုံးသိန်းတို့ ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။

ယခုအခါ မြို့ပေါ်တွင်သစ်ပင်များ ပြိုလဲပျက်စီးမှုကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့က ရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger