www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 10, 2017

(၆) ကြိမ်မြောက် မြန်မာ-ထိုင်း Senior Staff Talks အစည်းအဝေး ကျင်းပ


(၆)ကြိမ်မြောက် မြန်မာ-ထိုင်း Senior Staff Talks အစည်းအဝေးကျင်းပစဉ်။

နေပြည်တော် ၁၀-၈-၂၀၁၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၆) ကြိမ်မြောက် မြန်မာ-ထိုင်း Senior Staff Talks အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိ ကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ Lt.Gen. Parinya Khoonnasee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ထိုင်းဘုရင့် တပ်မတော်မှ Lt. Gen. Parinya Khoonnasee တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ လေ့ကျင့်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး ဆိုင်ရာကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ထိုင်းဘုရင့် တပ်မတော်မှ Lt. Gen. Parinya Khoonnasee တို့သည် အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger