www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 10, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ANP ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တ်တာအေးမောင်နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၁၀-၈-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဒေါက်တာ အေးမောင်နှင့်အတူ ANP ပါတီဗဟိုအလုပ်မှုဆောင် များဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ ဦးဝေစိန်အောင် နှင့် ဦးခင်မောင်လတ် တို့တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပိုမိုပူးပေါင်းလုပ် ဆောင်နိုင်ရေး ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger