www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 10, 2017

ယခုဘဏ္ဍာနှစ်အတွင်း စက်ဖြင့် ကောက်စိုက်လုပ်ငန်းနှင့် ရိတ်သိမ်းခြွေလှေ့ လုပ်ငန်းတို့မှ ဝင်ငွေကျပ် ၂ဝ၁ ဒသမ ၃ သန်းရရှိရန် လျာထား



မန္တလေး ၁၀-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်စက်မှု လယ်ယာစခန်းများ အလိုက် စက်ဖြင့် ကောက်စိုက်လုပ်ငန်း ၂၂၅ ဧကမှ ငွေကျပ် ၄ ဒသမ ၅ သန်းနှင့် စက်ဖြင့်ရိတ်သိမ်း ခြွေလှေ့လုပ်ငန်း ဧက ၆၅၆ဝ မှငွေကျပ် ၁၉၆ ဒသမ ၈ သန်း စုစုပေါင်းဝင်ငွေ ကျပ်၂ဝ၁ ဒသမ ၃ သန်း ရရှိရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်ကျော်က ပြောပြ၍ သိရသည်။

စက်ဖြင့် ကောက်စိုက်လုပ်ငန်းတွင် အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ မြစ်သားမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ စက်မှုလယ်ယာ လုပ်ငန်းများ၌ စုစုပေါင်း ၂၂၅ဧကကို တစ်ဧကလျှင် ငွေကျပ် ၂ဝဝဝဝနှုန်းဖြင့်စိုက်ပျိုးပေးမည်ဖြစ်ပြီး ဝင်ငွေကျပ် ၄ ဒသမ ၅ သန်း ရရှိရန် လျာထားကြောင်း၊ စက်ဖြင့်ရိတ်သိမ်းခြွေလှေ့ လုပ်ငန်းတွင် အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ ကျောက်ဆည် မြို့နယ်၊ တံတားဦး မြို့နယ်၊ မြစ်သားမြို့နယ်၊ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ စက်မှုလယ်ယာ လုပ်ငန်းများ၌ ဧက ၆၅၆ဝကို တစ်ဧကလျှင် ငွေကျပ်၃ဝဝဝ နှုန်းဖြင့် ဝင်ငွေကျပ် ၁၉၆ ဒသမ ၈ သန်းရရှိရန် လျာထားကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စက်မှု လယ်ယာစခန်းများရှိ ကောက်စိုက်စက် ခြောက်စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် ၄၁ စီးတို့ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger