www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 10, 2017

ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငါးဖမ်းကွက်အင်း ၂၃ဝကျော်ကို လေလံစနစ်ဖြင့် ရောင်းချပေးပြီးဖြစ်



မုံရွာ ၁၀-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းအင်း ၃၅၁ အင်းရှိရာ ၎င်းအင်းများထဲမှ အင်း၂၃ဝကို ယခုဘဏ္ဍာနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံခန့်ခွဲကြီးကြပ် စစ်ဆေးခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝရရှိ စေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို ညွှန်ကြားချက်များ နှင့်အညီ အကောင်အထည် ဖော်ဆောင်ရန်အတွက် တိုင်းဒေသကြီး အတွင်းရှိအင်းများကို လေလံစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

''တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အင်းတွေကို နိုင်ငံတော်အတွက် ဝင်ငွေရရှိစေဖို့၊ ဒေသခံရေလုပ်သား တွေနဲ့ရေလုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့အတွက် လေလံစနစ်နဲ့ ရောင်းချပေးတာပါ။ အခုဘဏ္ဍာနှစ် မှာ အင်း၂၃ဝကို ရောင်းချပြီးပါပြီ။ ကျန်တဲ့အင်းတွေကိုလဲ ဆက်လက်ရောင်းချ ပေးသွားမှာပါ''ဟုစစ်ကိုင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စစ်ကိုင်းခရိုင်တွင် ၉၆ အင်း၊ ရွှေဘိုခရိုင်တွင် ၁၇ အင်း၊ မုံရွာခရိုင်တွင် ၂၂အင်း၊ ယင်းမာပင်ခရိုင်တွင် ၁၇အင်း၊ ကသာခရိုင်တွင် ၁၅၁အင်း၊ ကလေးခရိုင်တွင် ၁၂အင်း၊ မော်လိုက်ခရိုင်တွင် ၁၁အင်း၊ ခန္တီးခရိုင်တွင် ၁၃အင်းနှင့်တမူးခရိုင် တွင် ၁၂အင်း စုစုပေါင်း ၃၅၁ အင်းရှိရာ ယခုဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းခရိုင်တွင် ၆၂အင်း၊ ရွှေဘိုခရိုင်တွင် ၁၁အင်း၊ မုံရွာခရိုင်တွင် ၁၅အင်း၊ ယင်းမာပင်ခရိုင်တွင် ခြောက်အင်း၊ ကသာခရိုင်တွင် ၁၂၁အင်း၊ ကလေးခရိုင်တွင် လေးအင်း၊ မော်လိုက်ခရိုင်တွင် ခုနစ်အင်း၊ ခန္တီးခရိုင်တွင် လေးအင်းစုစုပေါင်းအင်း ၂၃ဝရောင်းချပြီး ဖြစ်ကြောင်း၊ ကျန်ရှိသော၁၂၁ အင်းကိုလည်း ဆက်လက်ရောင်းချ ပေးလျက်ရှိ
ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger