www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 20, 2017

မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းရင်ပြင်၌ နှစ် (၇ဝ) ပြည့်အာဇာနည်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ



မန္တလေး ၂၀-၇-၂၀၁၇

နှစ် (၇ဝ) ပြည့်အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေးမြို့ မန္တလာသီရိ အားကစား ကွင်းရှေ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာ ကြသောပြည်သူများက ဂုဏ်ပြုတပ် ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အား မေတ္တာပို့အမျှဝေရန် နစ်မိနစ် ငြိမ်သက်ခြင်းတို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်း ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ကင်းထောက်ကြီးများ၊ ကင်းထောက်လူငယ် မောင်မယ်များနှင့် တက်ရောက်လာ ကြသောပြည်သူများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေ ချ၍အလေးပြု ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသော ပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ နှင့်အတူ မန္တလာသီရိ အားကစားကွင်း အတွင်း၌ တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူးခင်းကျင်းပြ သထားသော အာဇာနည်နေ့ အထိမ်းအမှတ်ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက်နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်တွင် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် လာကြသော ပြည်သူလူထု ကြီးသည် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများအား ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖြင့်ဥသြဆွဲ၍ငြိမ်သက်ကာ အလေးပြုကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger