www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 20, 2017

သားသတ်ရုံမှ စွန့်ပစ်ပစ္စည်းများဖြင့် တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်



မန္တလေး ၂၀-၇-၂၀၁၇

မန္တလေး ချမ်းမြသာစည် မြို့နယ် ဦးပွားဂုံကျော် အနီးအကွက် (၈၅၃) ရပ်ကွက်၌ သားသတ်ရုံမှ စွန့်ပစ်ပစ္စည်းများဖြင့် တိုင်းရင်းသား ရိုးရာလက်မှုပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်၍ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း ဦးခင်မောင် တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းက သိရသည်။

တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ရာ၌ ကုန်ကြမ်းများ အနေဖြင့် တရားမဝင် သတ်ဖြတ်ထားသည့် တောနေသားရိုင်း တိရစ္ဆာန်များ၏ ပစ္စည်းများမဟုတ်ဘဲ သားသတ်ရုံမှ စွန့်ပစ် ပစ္စည်းများဖြစ်သည့် ဆိတ်၊နွား၊ ကျွဲတို့၏ ဦးချို၊အရေခွံများ၊ ခွာများ၊သွားစသည့် တို့ကိုဝယ်ယူကာ အနံ့အသက်၊ အဆီအနှစ်များ ကင်းစင်အောင် ပြုတ်ခြင်း၊နေလှန်းခြင်း၊ ဆေးရေစိမ်ခြင်းတို့ ပြုလုပ်ပြီးမှ လက်မှုပစ္စည်း၊အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းပညာရှင် ဦးခင်မောင်က ပြောပြသည်။

သားသတ်ရုံမှ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ဆိတ်၊နွား၊ကျွဲတို့၏ ဦးချို၊ အရေခွံများ၊ ခွာများ၊သွားစသည့် တို့ဖြင့် တိုင်းရင်းသား ရိုးရာလက်မှု ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင် နာဂလူမျိုး၊ချင်း လူမျိုးတို့၏ ရိုးရာဓလေ့အသုံး အဆောင်ပစ္စည်းများကို အဓိကထား ပြုလုပ်သည့်အပြင် ကရင်၊မွန်စသည့် တိုင်းရင်းသားတို့၏ အသုံးအဆောင် ပစ္စည်းများကိုလည်း ပြုလုပ်ကြောင်း၊ တိုင်းရင်းသားလူမျိုး တို့၏ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဓား၊လှံ၊ဒူးလေး၊ မြားထည့်သည့် ဘူး၊ဓားအိပ်၊ ခေါင်းဆောင်း၊ ခေါင်ရည်ဘူး၊ ဆေးတံ၊ လည်ဆွဲ၊ မျက်နှာဖုံးစသည့် ပစ္စည်းအမျိုးအမည် ၂ဝဝ ခန့် ပြုလုပ်ကြောင်း၊ ပစ္စည်းတစ်ခုလျှင် တန်းဖိုးငွေကျပ် တစ်သောင်းမှစတင်၍ ငွေကျပ်တစ်သိန်း ကျော်ထိရှိကြောင်း သိရသည်။

ဆိတ်၊ နွား၊ ကျွဲတို့၏ ဦးချို၊ အရေခွံများ၊ ခွာများ၊သွားစသည့် တို့ဖြင့်ပြုလုပ်သည့် တိုင်းရင်းသား ရိုးရာလက်မှုပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို မန္တလေးမြို့ရှိ မြန်မာ့ရိုးရာလက်မှု အရောင်းဆိုင်များကို ဖောက်သည် ပေးရောင်းချသည့် အပြင် ခရီးသွားရာသီ ကာလ၌ ပုဂံဒေသ၊ အင်းလေးဒေသ၊ တောင်ကြီးဒေသတို့ရှိ မြန်မာ့ရိုးရာလက်မှု အရောင်းဆိုင်များ ကအများဆုံး မှာယူကြပြီး ရောင်းချကြရာ လက်ရှိတွင် တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများကို နိုင်ငံခြားသား ခရီးသွားများက တန်းဖိုးထားဝယ်ယူ လာကြောင်း တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းပညာရှင် ဦးခင်မောင်က ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger