www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 20, 2017

မန္တလေးတိုင်း ဒေသကြီးတွင် ယခုဘဏ္ဍာနှစ် သုံးလတာကာလအတွင်း တရားမဝင်သစ် တန်ချိန် ၈ဝဝ ကျော် ဖမ်းဆီးရမိ



မန္တလေး ၂၀-၇-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်သုံးလတာ ကာလအတွင်း တရားမဝင်သစ် တန်ချိန် ၈၄၁ ဒသမ ၄၇ဝ၁ တန် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

''သစ်တောထိန်းသိမ်းရေး ကိုကျွန်တော်တို့ဌာန တစ်ခုတည်း လုပ်လို့မရပါဘူး။ ပြည်သူတွေပါမှ ဖြစ်မယ်။ ပြည်သူလူထုက စောင့်ကြည့်ပြီး သတင်းပေးပို့တဲ့ စနစ်ပေါ့။နိုင်ငံတကာမှလဲ ဒီစနစ်ကို ကျင့်သုံးနေပါတယ်။ စီမံချက်တွေရေး ဆွဲပြီးဆောင်ရွက်ခဲ့တာ အောင်မြင်မှုတွေ ရရှိလာပါတယ်''ဟုအဆိုပါ ဌာနမှတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပြသည်။

အဆိုပါဌာနမှ သုံးလတာ ကာလအတွင်း တရားမဝင် ကျွန်း ၁၃၃ ဒသမ ၇၆၁ တန်၊သစ်မာ ၃၈၄ ဒသမ ၁၆၈၂ တန်နှင့်အခြား သစ်အမျိုးအစား ၃၂၃ ဒသမ ၅၄ဝ၉တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
''အရင်တုန်းကတော့ ကျွန်တော်တို့ ဌာနတစ်ခုတည်း လိုက်ရှာ လိုက်ဖမ်းလုပ်ခဲ့ရတော့ မိတာတွေလဲရှိသလို မမိတာတွေလဲ ရှိတာပေါ့။ အခုစနစ်သစ်အရ ပြည်သူကိုချပြပြီး ဖိတ်ခေါ်လိုက်တော့ သတင်းတွေလဲ
အများကြီးရပြီး ကျွန်တော်တို့ဖမ်းလဲ ဖမ်းဆီးလာနိုင်တယ်။ အထူးသဖြင့် အရေးကြီးတဲ့ ဖုန်းနံပါတ်တွေကို ဖေ့ဘွတ်ခ်တို့၊ မီဒီယာတို့ကနေ ပြည်သူတွေကို အသိပေးကြေညာ ထားပါတယ်''ဟု ၎င်းကဆက်လက်
ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းလက်ရှိ သုံးလတာကာလတွင် လအလိုက် ဖမ်းဆီးရရှိမှု အနေဖြင့် ဧပြီလတွင် သစ်တန်ချိန် ၂၆၂ ဒသမ ဝ၉၁၁ တန်၊မေလတွင် ၂၅ဝ ဒသမ ၂ဝ၆၄တန်နှင့် ဇွန်လတွင် ၃၂၉ ဒသမ ၁၇၂၆ တန် ဖမ်းဆီးရရှိခဲ့ပြီး ယခင် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် အတွင်းကလည်း တရားမဝင်သစ် တန်ချိန်စုစုပေါင်း ၂၉၈၃ဒသမ ၅၅ဝ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဌာန၏ မှတ်တမ်းများအရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger