www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 20, 2017

တောင်သမန် ပတ်ဝန်းကျင်ခရီးစဉ် ဓာတ်ပုံပြိုင်ပွဲအတွက် အထက်မြန်မာပြည် ဓာတ်ပုံအသင်းက ဆုရွေးချယ်



မန္တလေး ၂၀-၇-၂၀၁၇

အထက်မြန်မာပြည် ဓာတ်ပုံအသင်း၏ လပတ်တံခွန်စိုက် ဓာတ်ပုံပြိုင်ပွဲ (၇/၂ဝ၁၇) ''တောင်သမန် ပတ်ဝန်းကျင် ခရီးစဉ်'' ဓာတ်ပုံ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဓာတ်ပုံများ ဆုရွေးချယ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ရတနာပုံ စူပါစင်တာ စတုတ္ထထပ်ရှိ အထက်မြန်မာပြည် ဓာတ်ပုံအသင်း ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုရွေးချယ်ပွဲတွင် လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲ၌ ပထမကို တူးတူး (အမရပူရ)၊ ဒုတိယသန်းအေး (Yaung Xing)၊ တတိယ ရဲချစ်ပိုင် (အထက်မင်းလှ) နှင့်နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ်ပေးခဲ့ပြီး အကြီးတန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ နန်းထိုက်သူ၊ ဒုတိယအောင်ကြီးမြင့်၊ တတိယ မျိုးမင်းလတ် (အလှကဗျာ)နှင့် နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအကဲဖြတ် ဒိုင်များအဖြစ် ဦးမြတ်ကျော် (ယမင်းသူဇာ)၊ ဦးမျိုးသန့် (စိန်)၊ ဦးကျော်ဆွေဦး (ရွှေလှိုင်ဝါ)၊ ဦးမြင့်သန်း (ဇော်)၊ ဦးမျိုးမင်းကြွယ် (ရွှေတောင်ကြား)၊ ဦးကိုကိုဦး (K.O)၊ ဦးတင်အောင်မျိုး (ဇလပ်ဖြူ)၊ ဦးမောင်မောင်ဝင်း (ဟိန်း)၊ ဦးစန်းဝင်းမောင် (ပန်) နှင့် ဦးတင်မင်း (ပန်းအလှကမ္ဘာ) တို့က အကဲဖြတ်အမှတ်ပေး ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger