www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 1, 2017

အောင်လအန်ဆန်က ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကိုအနိုင်ရပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ရယူ


ONE Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကိုတွေ့ရစဉ်။

ရန်ကုန် ၁-၇-၂၀၁၇

ONE Championship အဖွဲ့ကကြီးမှူး၍ ယနေ့ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌LIGHT OF A NATION MMA ပြိုင်ပွဲကိုကျင်းပရာ အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော မြန်မာနိုင်ငံသား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ပွဲစဉ်တွင် အောင်လအန်ဆန်က ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့ကို ရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းစည်းကမ်းအတိုင်း ယှဉ်ပြိုင်ထိုးသတ်သော ပွဲစဉ် တစ်ပွဲနှင့် MMA ပွဲစဉ်ပေါင်းကိုးပွဲပါဝင်ခဲ့သည်။အမျိုးသမီးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သော ATOM ဝိတ်တန်းပွဲစဉ်တွင် တရုတ်(တိုင်ပေ)နိုင်ငံသူ JENNY HAUNG နှင့်ဂျပန်နိုင်ငံသူ MEI YAMAGUCHI တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယအချီတွင် YAMAGUCHI က JENNY HAUNG ကို အလဲထိုးပြီးအနိုင်ရရှိခဲ့သည်။

ဖလိုင်ဝိတ်ဗိုလ်လုပွဲအဖြစ် ရွှေကျောင်းသား(T&T သထုံ)နှင့်စောမင်းမင်း (T&T သထုံ)တို့ယှဉ် ပြိုင်ထိုးသတ်ရာ စောမင်းမင်းက ပထမအချီတွင်ပင် ရွှေကျောင်းသားကိုအလဲထိုး အနိုင်ယူ နိုင်ခဲ့သည်။

အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သော အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ပွဲစဉ်တွင် အောင်လကပထမတစ်ကြိမ်တွင် ရှုံးထားသောရှုံးကြွေးကို ပြန်လည်ဆပ်ပြီး ဗစ်တာလီဘစ်ဒက်ရှ်ဆီမှ ရွှေခါးပတ်ကိုရယူနိုင်ရန် အတွက် ပွဲစတင်သည်ဆိုသည်နှင့်တစ်ပြိုင်နက်တည်း တိုက်စစ်ဖွင့်ထိုးခဲ့သည်။

အောင်လမှာ ယခုပွဲတွင်ဗစ်တာလီကိုအနိုင်ရရှိရန်အတွက် အားသာချက်ဖြစ်သည့် ချုပ်ပြီးလုံးသော သတ်ကွက်များကိုမသုံးဘဲ ၄င်းမခံနိုင်သောတွဲလုံးလက်သီးများဖြင့်ထိုးသောတိုက်ကွက်များကိုအသုံးပြုပြီး ထိုးသတ်ခဲ့သည်။အောင်လမှာ ဗစ်တာလီကိုပွဲချိန်ပြည့် ငါးချီအတွင်း အလဲမထိုးနိုင်ခဲ့ဘဲပွဲချိန်တစ်လျှောက်တွင် ဘယ်ညာတွဲလုံးလက်သီးများဖြင့် ၄င်းကိုများစွာထိအောင်ထိုးနိုင်ခဲ့သဖြင့် ပွဲပြီးဆုံးရာတွင် အမှတ်ဖြင့်ဆုံးဖြတ်ရာ အောင်လမှာ ဗစ်တာလီ ကိုအနိုင်ယူပြီး ရွှေခါးပတ်ရရှိခဲ့သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger