www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 24, 2017

ရော်ဘာဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ခြံပိတ်ရာသီဖြစ်သောကြောင့် တင်ပို့မှုလျော့ကျ



ရန်ကုန် ၂၄-၇-၂၀၁၇

ရော်ဘာရာသီချိန် ကုန်ဆုံးပြီး ခြံပိတ်ချိန် ဖြစ်သောကြောင့် ပြည်ပရော်ဘာ ဈေးကွက်တွင် ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက် လာခဲ့သော်လည်း ပြည်ပသို့ ရော်ဘာတင်ပို့မှု လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်များမှ ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်တာ ကာလအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၄ သန်းတန်ဖိုးရှိ ရော်ဘာ ၃ဝ၁ တန် တင်ပို့ခဲ့ရာ မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ RSS 3 ၁၇ တန်၊ RSS 5 တန် ၇ဝ နှင့် MSR 20 ၁ဝ၉ တန်ကျော် တင်ပို့ခဲ့ပြီး ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်မှ RSS 3 ၁ဝ၅ တန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တန်ချိန် ၁၄၉ဝ တန် တင်ပို့ခဲ့သည့်အတွက် ယခုတစ်ပတ်တွင် ၁၁၈၉ တန် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်၏ ရော်ဘာပေါက်ဈေးမှာRSS 3 တစ်တန်လျှင် ငွေကျပ် ၁၉ ဒသမ ၄၁ သိန်းရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးနှုန်း မပြောင်းလဲကြောင်း၊ RSS 5 တစ်တန်လျှင် ငွေကျပ် ၁၈ ဒသမ ၄၅ သိန်းရှိပြီး ယခုတစ်ပတ်တွင် ငွေကျပ် ၃၈ဝ၆ ဈေးနှုန်းတက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပြည်ပသို့ ဇူလိုင် ၂ ရက်မှ ၈ ရက်အထိ အမေရိကန်ဒေါ်လာ ၆၆၁၇၂ဝ တန်ဖိုးရှိ ရော်ဘာ ၄၇၇ တန်ခန့်ကို ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံ တို့သို့တင်ပို့ခဲ့ပြီး ဂျပန်နိုင်ငံသို့ MSR 20 ၁၉၆ တန်၊ တောင်ကိုရီးယားနိုင်ငံသို့ MSR 20 ၁ဝ၁ တန်ခန့်၊ မလေးရှားနိုင်ငံသို့ RSS 3 တန် ၈ဝ နှင့် MSR 20 တန် ၁ဝဝ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၂၃ တန်ကျော် တင်ပို့ခဲ့သည့် အတွက် ယခုတစ်ပတ် ၄၆ တန် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်ကုန်သွယ်ရေး ဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး ဇုန်များမှ ဇွန်လတစ်လလုံးတွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၆၅၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၉၁၄ တန်ခန့်သာ တင်ပို့ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger