မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်ပေါ်သို့ ရေများမြင့်တက်နေမှုကိုတွေ့ရစဉ်။
ငဖဲ ၂၄-၇-၂၀၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ်တို့၌ ယမန်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန်းချောင်းရေ မြင့်တက်၍ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်ပေါ်သို့ ရေ ၂ ပေကျော်ခန့် မြင့်တက်လျက် ရှိကြောင်း သိရသည်။
မိုးရွာသွန်းမှု အရှိန်ကြောင့် တောင်ကျချောင်းရေ စီးဆင်းပြီး မန်းချောင်းရေ မြင့်တက်သဖြင့် မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်ပေါ်သို့ ရေများကျော်လွန် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေနှင့် ပန်းတိမ်းချောင်းရေများသည် ချောင်းအောက်ပိုင်းတွင်ရှိသော အိုင်းမဆည်နှင့် စကူးမြို့တို့သို့ ဝင်ရောက် လျက်ရှိသည်။
ဘုရားဖူး ပြည်သူများသည် မန်းရွှေစက်တော် ဘုရားသို့ ပွဲတော်ကာလ မဟုတ်သော်လည်း ဘုရားဖူးလာရောက် လျက်ရှိပြီး အောက်စက်တော်ရာ ခြေတော်ရာသို့ စက်လှေဖြင့် ကူးခပ်သွားလာကာ ဖူးမြော်ခဲ့ကြသော်လည်း မိုးများ၍ ချောင်းရေ တက်နေချိန်များတွင် စက်လှေများဖြင့် သွားလာခွင့် မပြုကြောင်း မန်းရွှေစက်တော် ဂေါပကထံမှ သိရသည်။
#Themyawadydaily






No comments:
Post a Comment