www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 24, 2017

ဧရာဝတီတိုင်းဒေသကြီး၌ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းမည်



ပုသိမ် ၂၄-၇-၂၀၁၇

ပြည်တွင်း၌ နို့စားနွားမွေးမြူရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေသော ဧရာဝတီတိုင်း ဒေသကြီးရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် အနာဂတ်တွင် ယင်းလုပ်ငန်းကို ပိုမိုလုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းမှနိုင်ငံတော်အတွက် ဝင်ငွေများစွာ ရှာဖွေပေးနိုင်ရန် ရည်ရွယ်ပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးရှိ နို့စားနွားမွေးမြူ ရေးလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအသင်း တည်ထောင်ဖွဲ့စည်းရန် အကြိုဆွေးနွေးပွဲကို မကြာမီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာန အစည်းအဝေး ခန်းမဆောင် (၁) ၌ကျင်းပခဲ့ကာ ယင်းပွဲတွင် အဆိုပါအသင်း ဖွဲ့စည်းရန် သဘောတူညီချက်များ စွာရရှိခဲ့ပြီးယခုနှစ် နှစ်ကုန်ပိုင်းတွင် အမြန်ဆုံးဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖွဲ့စည်းရာတွင် လုပ်ငန်းစဉ်များစွာကို လုပ်ဆောင် ရမည်ဖြစ်၍ အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။

အသင်းဖွဲ့စည်းပြီးပါက ယင်းအသင်းသည် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၏ အသင်းဝင်ဖြစ်ပြီး မွေးမြူရေးဆိုင်ရာ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေး ပွဲများကို တက်ရောက်နိုင်မည် ဖြစ်သည်။

ယင်းအသင်းဖွဲ့စည်းပြီးပါက ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင် အနည်းဆုံး ၃ဝ ဦးမှ အများဆုံး ၅ဝ ဦးအထိ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger