www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 16, 2017

ရန်ကုန်-အမ်း-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ် ၂ အနီးရှိ လမ်းပခုံးမြေသားများပြိုကျပြီး လမ်းကြောင်းများ ပိတ်ဆို့မှုများအား ရှင်းလင်းဖယ်ရှား



အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ရန်ကုန်-အမ်း-စစ်တွေသွားကားလမ်းမိုင်တိုင် အမှတ် ၂၈ အနီးလမ်းပခုံး မြေသားပြိုကျပြီးလမ်းကြောင်းပိတ်ဆို့နေမှုများကို ရှင်းလင်းဖယ်ရှားပေးစဉ်။

နေပြည်တော် ၁၆-၆-၂၀၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အမ်းမြို့၏ အနောက်မြောက်ဘက် ၂၈ မိုင်ခန့်အကွာရှိ ရန်ကုန်-အမ်း-စစ်တွေသွားကားလမ်း မိုင်တိုင် အမှတ် ၂၈ အနီး၌ လမ်းပခုံးမြေသားများ ပြိုကျပျက်စီးခဲ့သဖြင့် ကုန်တင်ယာဉ် ၇၄ စီး၊ ဆီသယ်ယာဉ် လေးစီး၊ ခရီးသည်တင်ယာဉ် (Express) ၃၅ စီးနှင့် အခြားမော်တော်ယာဉ် ၂၈ စီး၊ စုစုပေါင်းမော်တော်ယာဉ် ၁၄၁ စီး တို့သည် ညနေ ၃ နာရီမှစ၍ ဖြတ်သန်းသွားလာ နိုင်မှုမရှိဘဲ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါနေရာသို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် အမ်းမြို့နယ် လမ်းတံတားဦးစီးဌာန အဖွဲ့များပူးပေါင်း၍ ရေလမ်းကြောင်းလွှဲမြောင်းများ ဖောက်လုပ်ခြင်း၊ ရေကာတာများ ပြုလုပ်ခြင်းနှင့် ယာဉ်ဖြတ်သန်း သွားလာမှုများ ထိန်းသိမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ယနေ့နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် မော်တော်ယာဉ်များ ဆက်လက်သွားလာ နိုင်ပြီဖြစ်ပြီး အဆိုပါနေရာ၌ ပေ ၂ဝဝ အရှည်ရှိ ဘေလီတံတားထိုး၍ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger