www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 16, 2017

ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ စတင်တွေ့ရှိ


ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ စတင်တွေ့ရှိ

နေပြည်တော် ၁၆-၆-၂၀၁၇

ယနေ့ညနေ ၅ နာရီ ၁၈ မိနစ်တွင် ပင်လယ်ပြင်အတွင်း တပ်မတော်စစ်ရေယာဉ် များနှင့်အတူ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် အောင်သုခ ဒေသခံငါးဖမ်းစက်လှေသည် ထားဝယ်မြင်းခွာအော်မှ အနောက် ယွန်းယွန်း ၂၆၀ ဒီဂရီအတိုင်း ၇.၅ မိုင်အကွာ (မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ) နေရာတွင် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ရေအောက်တွင်ပိုက်၌ တစ်စုံတစ်ရာ ငြိနေကြောင်းသတင်းပေး ပို့ခဲ့သည်။

အဆိုပါ သတင်းပို့ချက်အရ ၄င်းနေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်ရေယာဉ် ၂ စီးတို့မှ ရေအောက်ရှာဖွေရေး ကိရိယာဆိုနာဖြင့် ထပ်မံအတည်ပြုပြီး ရေငုပ်စစ်သည်များက ရေငုပ်စစ်ဆေးခဲ့ရာ ရေအောက်အနက် ၃၅ မီတာခန့်တွင် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းအစိတ်အပိုင်းမှာ ပျက်ကျ Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်း ဖြစ်ကြောင်းသိရှိရပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger