www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 16, 2017

သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်အတွင်း ကတ်ထူပြားများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရားမဝင်သစ်များဖမ်းမိ




သိန်းနီ ၁၆-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေး ဂိတ်တွင် ကုန်တင်ယာဉ်အတွင်း ကတ်ထူပြားများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရားမဝင် ပိတောက်သစ်များကို ယနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

''စခန်းထဲမှာ ကားတွေကို ပိတ်ပြီးစစ်ဆေး နေတဲ့အချိန်မှာ ပါဂျဲရိုးကားနဲ့ ဘောက်စ်ကားက ပြန်လှည့်သွားလို့ လိုက်ဖမ်းပါတယ်။ ပါဂျဲရိုးကားထဲမှာက လူတွေပဲပါတယ်။ ကုန်တင်ကား ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်။ဒါကြောင့် စစ်ဆေးကြည့်တော့ သစ်တွေဖြစ်နေပါတယ်''ဟု ရေပူစစ်ဆေးရေး ဂိတ်တာဝန်ခံ ဦးတက်ထွန်းအောင်က ပြောပြသည်။

အဆိုပါ ရေပူစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို တွေ့ရှိသဖြင့် မန္တလေးဘက်မှ မောင်းနှင်လာသော ယာဉ်နှစ်စီးသည် လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင် သွားခြင်းကြောင့် လိုက်လံဖမ်းဆီးရာမှ ကတ်ထူပြားများဖြင့် ဖုံးအုပ်သယ်ဆောင် လာသောတရားမဝင် ပိတောက်သစ်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ယာဉ်မောင်းက ထွက်ပြေးသွားပါတယ်။ သစ်တွေကို သိန်းနီသစ်တောဦးစီးဌာန ကိုလွှဲပါမယ်။ စိစစ်တာ၊ တိုင်းထွာတာတွေကိုလဲ သိန်းနီသစ်တောမှာပဲ လုပ်တော့မှာပါ''ဟု လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးကျော်ဟန်က ပြောပြသည်။

ရေပူစစ်ဆေးရေးဂိတ်တွင် ဇွန် ၁၄ရက်က ရှမ်းမင်းသားခရီးသည် တင်လေအိတ်ယာဉ်နှင့် အားသစ်ခရီးသည်တင် ယာဉ်တို့ပေါ်မှ တရားမဝင်သယ်ဆောင်လာသော သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger